Part 5

4.5K 433 23
                                    

Unicode

Mr.YeMi ဟာ သူ့ကို တိုးဝှေ့နေတဲ့ အကောင်ပေါက်လေးကို ကြည့်နေမိတယ်။ ဒီအကောင်လေးဟာ တော်တော်ကို အချွဲသန်တယ်။YeMi ဟာ အကောင်ပေါက်လေးကို ခေါင်းပုတ်ပေးပြီးတော့ ထမင်းစားခန်းထဲ ခေါ်လာလိုက်တယ်။

"ရှီဖိန်း"

သူခေါ်လိုက်တော့ မီးဖိုချောင်ထဲကနေ ဂျပန်တရုတ်စပ် ကောင်မလေးတစ်ယောက် ထွက်လာတယ်။

"သခင်ကြီး ဘာများအလိုရှိလို့လဲ။"

ရှီဖိန်းဟာ ယစ်မင်းဂိုဏ်းခေါင်းဆောင်ရဲ့ တူမတစ်ယောက်။ ထိုလူမဆန်တဲ့သူဟာ ထိုခပ်ငယ်ငယ် ရှီဖိန်းကို အတင်း အဓမ္မ အရယူခဲ့တယ်။ ထိုဖြစ်ရပ်ကိုလည်း သူ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ပင်မဲ့ သူဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ မျက်နှာလွဲခဲ့ရတယ်။ ဘာလို့လဲ။ သူက အဲ့အချိန်တုန်းက အသက်၂၃ သာသာပဲ ရှိသေးတယ်။ ဘာမှမရှိတဲ့လူ။ အတိုက်အခိုက်လေး ကျွမ်းရုံလောက်နဲ့ ဂိုဏ်းခေါင်းဆောင်ကို ဆန့်ကျင်လို့မှ မရဘဲလေ။

ဂိုဏ်းခေါင်းဆောင်ကို သတ်ပြီးတော့ ကျန်တဲ့လက်အောက်ငယ်သားတွေကတော့ သူ့နောက်လိုက်တဲ့လူက လိုက်။ အခြားလမ်းလျှောက်တဲ့လူက လျှောက်သွားကြတာပါပဲ။

ရှီဖိန်းကတော့ သူ့နောက်ပါလာတာရယ်၊ မိန်းကလေးဖြစ်နေတာကြောင့်ပါ သူအိမ်တော်က မီးဖိုချောင်မှာ ထားလိုက်တာ။ဂိုဏ်းကို ခေါ်လာလို့လဲ အကူအညီဖြစ်မှာ မဟုတ်လို့ပဲ။ အကူအညီမဖြစ်ရင်တောင် ဝန်ထုတ်ဝန်ပိုးတော့ ပေးလို့ မကောင်းဘူး။ ရှီဖိန်းလည်း အဲ့လိုစဉ်းစားမယ်လို့ သူ ထင်တယ်။

"ရာမီကို ခနနေ အစာသွားကျွေးလိုက်။"

"ဟုတ်ကဲ့ပါ သခင်ကြီး။"

ရှီဖိန်းဟာ YeMi လက်ထဲက အကောင်ပေါက်လေးကို ကြည့်ပြီး " ကိုင်ကြည့်လို့ ရမလား သခင်ကြီး" လို့ ပြောလာတာ မို့လို့ သူ အကောင်ပေါက်လေးကို ရှီဖိန်းလက်ထဲ ထည့်လိုက်ပင်မဲ့ အကောင်ပေါက်လေးဟာ အတင်းကာရော ရုန်းပြီး ''ဂါးဝါး'' ဆိုတဲ့ မာန်ဖီသံနဲ့ တွန့်လိန်နေတာ မလို့ သူ အမြန်ပြန်ယူပြီး ရင်ခွင်ထဲ ပိုက်ထားလိုက်တယ်။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now