Part 11

4K 394 26
                                    

Unicode

YeMi စာကြည့်ခန်းထဲကို ရောက်တော့ ဆခါဒါရိဟာ စာရွက်အချို့ကို ကိုင်ထားတယ်။ဟိုတစ်ခေါက် ဂျပန်ကိစ္စအဆင်ပြေသွားတော့ ချန်ကျီတို့လည်း ပြန်လာခဲ့တယ်။ အမှား မရှိလို့ တော်သေးတယ်လို့ ပြောရမယ်။

"ဒါက အကြွေးမပေးနိုင်လို့ အိမ်ယာမြေတွေ သိမ်းလာတဲ့ စာချုပ်ပါ။"

"ဘယ်သူ့ဟာလဲ။"

"ဒုနယ်မှူးရဲ့ မြေတွေပါ။"

"ကောင်းပြီ။ အဲ့ဆို ပြဇာတ်ရုံကို နောက်ထပ်ဆောက်လို့ကောင်းမယ့် နေရာရွေးထားလိုက်။"

"ဟုတ်ကဲ့ Mr.YeMi."

ဆခါဒါရိဟာ ခေါင်းငြိမ့်ပြီး အခန်းထဲက ထွက်လာတော့ ရှစ်ယင်နဲ့ တန်းတိုးတယ်။ ဘယ်လိုမှ မယုံကြည်နိုင်ပင်မဲ့ Mr.YeMi ကိုယ်တိုင်ပြောတဲ့ စကားမို့ သူမျက်လုံးမှိတ်ပြီး ယုံကြည်ထားလိုက်တယ်။ အကောင်ကနေ လူဖြစ်လာတယ်ဆိုတာကတော့ နည်းနည်း ထူးဆန်းတာပေါ့။

သူ့ကို လက်ပြပြီး အခန်းထဲကို တံခါးမခေါက်ပဲ ဝင်သွားတဲ့ ရှစ်ယင်ကို ကြည့်ပြီး သူနည်းနည်းတော့ မနာလိုမိတယ်။ သူကသာ ရိုသေလေစားပြီးတော့ Mr.YeMiကို မျက်လုံးတောင် လှန်မကြည့်ရဲပင်မဲ့ ထိုဟာလေးကတော့ ခုံပေါ်တက်ပြီးတောင် Mr.YeMiပေါ်ကို ခုန်အုပ်လိုက်သေးတယ်။ သူကသာ Mr.YeMi တစ်ခွန်းဆို ခေါင်းငြိမ့်ပင်မဲ့ ထိုဟာလေးကတော့ Mr.YeMi တစ်ခွန်းဆို ဆယ်ခွန်းလောက် ပက်ခနဲပြန်ထွက်လာတာ။ဒီလိုဟာလေးကို Mr.YeMi ဘာလို့ ခေါ်ထားမှန်း နားကိုမလည်ပင်မဲ့ သူကတော့ ထိုင်ကြည့်ရုံမှ တစ်ပါး။

ခုလည်း အခန်းထဲဝင်သွားပြီး Mr.YeMi ရဲ့ စားပွဲပေါ်တက်ထိုင်နေတာကို သူတံခါးမပိတ်မိခင် မြင်လိုက်ရတယ်။ သူက ဘာတွေများလိုအပ်ချက်ရှိနေလို့လဲ။ မဟုတ်ဘူး အရင်ဘဝက ဘာတွေများမလုပ်မိခဲ့လို့ ကိုယ်ချစ်ရတဲ့သူနဲ့ ထိတွေ့မှုတောင် မရှိရတာလဲ။

.............

ရှစ်ယင်ဟာ အခန်းထဲဝင်လာတဲ့အချိန် ဆခါဒါရိကို လက်ပြနှုတ်ဆက်ပြီး ပြုံးပြလိုက်ပါသေးတယ်။ ဟိုကတော့ မျက်နှာသေနဲ့ပဲ ကြည့်လာပင်မဲ့ပေါ့။ ရုပ်သာချောတာ ချေမိုးနေလိုက်တာများ သကြားမင်းဖင်တောင် တက်ဆောင့်တော့မယ်။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now