Part 19

3.3K 322 22
                                    

Unicode

အိပ်ယာပေါ်ကနေ ရုတ်တရက်ထလိုက်တာကြောင့် Mr.YeMi ဟာ ခနလောက်မူးနောက်ပြီး မျက်လုံးတွေပြာသွားတယ်။ မနေ့ညက ညသန်းခေါင်ကျော်မှ အိပ်မိလို့ထင်တယ်။အိပ်ယာရဲ့ ဘယ်ဘက်ကို ကြည့်လိုက်တော့ ဘယ်သူမှ မရှိတာကြောင့် ရှစ်ယင် ထသွားပြီလို့ကောက်ချက်ချလိုက်တယ်။

Mr.YeMi ဟာ သန့်စင်ခန်းထဲကို လမ်းလျှောက်လာပြီး မျက်နှာသစ်ဖို့ ဆပ်ပြာကို ရှာတော့ ရေချိုးခန်းထောင့်နားက ရှစ်ယင်နဲ့ ရာမီ ရန်ဖြစ်တုန်းက ခြစ်ထားတဲ့ ရာမီရဲ့ ခြေသည်းရာတွေ မရှိတော့။ သူသေချာအောင် အပြင်ကမျက်မှန်ကို ယူပြီး ကြည့်ပင်မဲ့ လုံးဝကို မရှိ။ ရှီဖိန်း ဆေးလာသုတ်လိုက်တာ ထင်တယ်။

မျက်နှာသစ်ပြီး ရေချိုးခန်းထဲက ထွက်လာပြန်တော့ ကုတင်ဘေးနားမှာ သူ ရှစ်ယင် အကောင်ပေါက်လေးဖြစ်သွားရင် အိပ်ဖို့ အတွက် ဝယ်ထားတဲ့ အိပ်ယာသေးသေးလေးလည်း မတွေ့တော့။ နောက်ပြီး ဗီရိုကလည်း သူ့ရဲ့ ကျွန်းဗီရိုတစ်လုံးပဲ ရှိတော့တယ်။ ရှစ်ယင်အတွက် ဝယ်ထားတဲ့ အပြာနုရောင် ဗီရိုလေးနေရာဟာ ကွက်လပ်ဖြစ်နေလေပြီ။

နောက်ပြီး အခန်းက ရှစ်ယင် ရောက်မလာခင်တုန်းကလို အရမ်းကို ရှင်းလင်းနေတယ်။ သူ့အသုံးအဆောင်ကလွှဲရင် ရှစ်ယင်နဲ့ ပတ်သက်တဲ့ အရာတွေဟာ သူ့အခန်းထဲ မရှိတော့။စိတ်ထဲ မတင်မကျဖြစ်လာတာမလို့ အခန်းပြင်ကို ပြေးလာလိုက်တယ်။ ရာမီရဲ့ အခန်းထဲများ ရှစ်ယင်ရှိနေသလား။ မဟုတ်ဘူး ရှီဖိန်းကို မေးရဦးမယ်။ ရှစ်ယင်ရဲ့ ပစ္စည်းတွေကို ဘယ်ရွှေ့သွားတာလဲလို့။

"ရှီဖိန်း! ခနလာဦး။"

မနက်စောစောဟင်းထချက်တဲ့ ရှီဖိန်းဟာ မီးဖိုချောင်ထဲက ထွက်လာတယ်။

"သခင်ကြီး ဘာအလိုရှိလို့လဲ။"

ရှီဖိန်းဟာ Mr.YeMiရှေ့ကို ရောက်လာတယ်။

" "ယင်"ရဲ့ ပစ္စည်းတွေကော။"

"ယင်?..... ဟို သခင်ကြီးရဲ့ ယင်ဂိုဏ်းကို ပြောတာလား အဲ့တာတော့ မသိ..."

"ဘာတွေပြောနေတာလဲ! ရှစ်ယင်ရဲ့ ပစ္စည်းတွေ မင်းရွေ့လိုက်တာလား!"

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now