Part 18

3.3K 276 15
                                    

Unicode

"လောင်ဟွေးလေးရေ..... ဒီကိုလာပါဦး။"

၉နှစ်သားလေး လောင်ဟွေးဟာ သူ့အမေ လျို့ဟွေးကို မြင်တော့ ပြုံးရယ်သွားပြီး တန်းနေအောင် ပြေးဝင်သွားလိုက်တယ်။ သူ့အမေရင်ခွင်ထဲကို။

"မား...ဘယ်တွေ သွားနေတာလဲ။ သား မားကို နေ့တိုင်းလိုက်ရှာနေတာ။"

လျို့ဟွေးဟာ သူ့သားလေးကို ရင်ခွင်ထဲ တင်းကြပ်စွာဖက်ထားရင်းနဲ့ ဘေးနားက သူခေါ်လာတဲ့ ကလေးမလေးကို ကြည့်လိုက်မိတယ်။ သူချစ်မိတဲ့ ယောက်ျားရဲ့ လက်ချက်ကြောင့် မိဘတွေကို ဆုံးရှုံးလိုက်ရတဲ့ ကလေးမလေးဟာ သူ့ကို ကပ်တွယ်နေရှာတာ။ ကျဆင်းလာတဲ့ မျက်ရည်တွေကို သုတ်လိုက်တယ်။

"သား..... ဒါက သားညီမလေးနော် ကျောက်မိန်တဲ့။ မေမေခေါ်လာတာ။"

"သား ညီမလေး?"

ပြူးကြောင်ကြောင်လေးနဲ့ လောင်ဟွေးဟာ သူ့ရှေ့က ကလေးမလေးကို ကြည့်လိုက်တယ်။ ဆောင်းတွင်းမို့ အနွေးထည်ထူထူထဲ မြုပ်နေတဲ့ သူ့လက်တွေဟာ မားရဲ့ စကပ်ကို ခပ်တင်းတင်းဆွဲထားတယ်။ ပြီးတော့ ​ရှေ့က ကောင်မလေးရဲ့ လက်ကို ကိုင်လိုက်ပြီး သူမားကို မော့ကြည့်လိုက်တယ်။

"သား သူ့ကို စောင့်​ရှောက်ပေးနော်။ သားညီမလေးကို။ သွား ဟိုမှာ တူတူသွားဆော့နေ။"

လောင်သခင်ကြီးဟာ သူတို့စီလျှောက်လာနေတာမြင်တော့ လောင်ဟွေးတို့ကို လျို့ဟွေးဟာ အဝေးလွတ်လိုက်တယ်။

လောင်ဟွေးဟာ ထိုကောင်မလေးလက်ကို ဆွဲပြီး မားပြောတဲ့ သစ်ပစ်အောက်မှာ နှင်းလေးတွေကို ဆော့နေလိုက်တယ်။ထိုကောင်မလေးဟာ သူ့ကို တရိပ်ရိပ်ကြည့်နေတယ်။အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ အရာကို ကြည့်နေသလိုမျိုး။ သူကတော့ မြေပြင်ပေါ်က နှင်းတွေကို သစ်သားတုတ်လေးနဲ့ ပုံဖော်နေလိုက်တယ်။ မကြာပါဘူး မားရဲ့ အော်သံနဲ့ ရိုက်ခွဲသံတွေကို ကြားရတယ်။ သူမော့ကြည့်လိုက်တော့ လောင်သခင်ကြီးဟာ မားရဲ့ မျက်နှာကို ထိုးလိုက်တယ်နဲ့ တူပါရဲ့ မားက မြေပင်ပေါ်မှာ ခွေခွေလေး။ အရမ်းဝေးလို့ မားတို့ ဘာအကြောင်းပြောနေလဲ ဆိုတာတော့ သိပ်ပြီး မကြားရ။ဒါဟာ မား သူ့စီလာလျှင် ဖြစ်နေကျ အရာမို့ သူသိပ်ပြီး ခံစားမနေတော့။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Waar verhalen tot leven komen. Ontdek het nu