Part 4

4.8K 440 13
                                    

Unicode

အိမ်တော်ကို ရောက်တော့ YeMi အကောင်ပေါက်လေး အိပ်ဖို့ မွေ့ယာသေးလေး ပြင်ဆင်ခိုင်းလိုက်တယ်။ အကောင်ပေါက်ဟာတော့ အခုထိ မနိုးသေး။ တော်တော်ကို အိပ်ပုတ်ကြီးတဲ့ အကောင်ပေါက်လေးပဲ။

"ရာမီ"

အင်္ဂလန်က ခေါ်လာတဲ့ ကျားသစ်မလေးက သူ့ပေါင်ကို ခေါင်းနဲ့ ပွတ်သပ်ပြီး မာန်ဖီသလို အသံပေးနေတယ်။၄နှစ် ရှိပြီ မို့လို့ အရပ်က သူ့တင်ပါးဆုံလောက်ရောက်နေပြီ။ ကြည့်ရတာ သူ့ကို အရေးမလုပ်ပဲ လက်ထဲက အကောင်ပေါက်ကိုပဲ ဂရုစိုက်နေလို့ စိတ်တိုနေတာ နေမှာ။

"ဒီမှာကြည့် ချစ်ဖို့ မကောင်းဘူးလား။"

သူ ပြင်ဆင်ထားတဲ့ မွေ့ယာအသေးလေးပေါ်ကို အကောင်ပေါက်ကို ထားလိုက်ပြီး ကျားသစ်မလေးရဲ့ ခေါင်းကို ကိုင်ကာ ကြည့်ခိုင်းပြီး ပြောလိုက်တော့ ကျားသစ်မလေးဟာ နှာခေါင်းနဲ့ တရှုံ့ရှုံ့အနံခံပြီး သူ့ကို ပြန်ကြည့်လာတယ်။

"မကြိုက်ဘူးလား။"

သူ မေးလိုက်တော့ အနောက်ဘက် ဥယျာဉ်ထဲကို ထွက်ပြေးသွားပါရော။ သူ ပြုံးပဲ ပြုံးနိုင်တော့တယ်။ သူ့အပြင် နောက်တစ်ကောင်ပါ ခေါ်လာလို့ ကြိုက်ပုံမရ။

"ဟေး..... သူ့ကို ကိုက်ဖို့တော့ မစဉ်းစားနဲ့နော်။"

ထွက်ပြေးသွားတဲ့ ကျားသစ်မကို သူလှမ်းအော်လိုက်တယ်။သူ့စကားကို အမြဲနားထောင်တာမို့ သူ စိတ်ချလက်ချနဲ့ပဲ ဆခါဒါရိဆီ ထွက်လာခဲ့လိုက်တယ်။

စာကြည့်ခန်းထဲ ရောက်တော့ ဆခါဒါရိဟာ သူ့ကို ဆီးကြိုနေတယ်။ သေချာပေါက် ဒီကောင်လေးဟာ သူ့ကို စိတ်ပူလို့ ပြန်လာခဲ့တယ်ဆိုရင်တောင် ဟိုမှာ အလုပ်မှ မပြီးသေးပဲ ဘယ်လိုများ ထွက်လာနိုင်တာလဲ။

"ဂျပန်မှာ ဘယ်သူကျန်ခဲ့လဲ။"

"ချန်ကျီကို ဦးဆောင်ခိုင်းထားပါတယ်။"

အမှန်တော့ ဆခါဒါရိဟာ ချန်ကျီကို စိတ်မချလို့ လိုက်သွားပင်မဲ့ နောက်ဆုံးတော့လည်း ချန်ကျီနဲ့ အလုပ်ကို ချန်ထားခဲ့ရတာပါပဲ။

Mr.YeMiဟာ ဆုံလည်ခုံမှာ ထိုင်ပြီး စားပွဲပေါ်က စာရွက်စာတမ်းကို ကြည့်နေတယ်။ လက်တစ်ဖက်ကလည်း ခုံကို တစ်ချက်ချင်းစီ ခေါက်နေတယ်။ စားပွဲထောင်စွန်းက နှင်းဆီနီ ပွင့်ကြီးဟာ စွင့်ကားစွာ ပွင့်လန်းနေတယ်။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now