Extra 2

3.7K 213 33
                                    

Unicode

ရှစ်ယင်ဟာ တစ်ကိုယ်လုံး ကိုင်ပေါက်ခံထားရသလို နာကျင်စွာနဲ့ နိုးလာခဲ့တယ်။သူ့ရှေ့က ရင်ခွင်ကျယ်ကြီးကို လက်သီးတစ်ချက်ကျွေးပြီး ထလိုက်တော့ ဂျွန်ခနဲ မြည်သွားတဲ့ ခါးကို ကိုင်ပြီး ထိုရင်ခွင်ထဲပဲ ပြန်ဝင်လိုက်တယ်။ နာလိုက်တာ။

ယဲ့လူကြီးရဲ့ မျက်နှာကို ကြည့်မိတော့ မနေ့က အကြောင်းကို ပြန်စဉ်းစားမိတယ်။ ရယ်ရခက်၊ ငိုရခက်။ ကြည်နူးရသလို ဝမ်းလည်း နည်းမိတယ်။

မနေ့ညက ဆေးမိထားတဲ့ ယဲ့လူကြီးကို သူ ဘယ်လိုတားတား မတားနိုင်ပါ။

"ခင်ဗျားပြောတော့ ကျွန်တော့်ခွင့်ပြုချက်ရမှာ ထိမှာဆို"

ထိုစကားဟာ ယဲ့လူကြီးအပေါ် တော်တော်သက်ရောက်ပုံ ရတယ်။သူ့ကို အတင်းကပ်နေရာကနေ ကြမ်းပြင်ပေါ် ကျုံ့ကျုံ့ကလေးထိုင်သွားခဲ့တယ်။ ဖုဖောင်းနေတဲ့ အရာကို အုပ်ကိုင်ပြီး ကြိတ်မှိတ်ခံနေပုံက တစ်ကယ်ကြီး ရှစ်ယင်ရဲ့ ခွင့်ပြုချက်မရှိရင် အသေသာခံလိုက်မယ် လုံးဝမထိဘူး ဆိုပြီး နေမယ့်ပုံပင်။ တစ်ချက်တစ်ချက် တံခါးနားကပ်နေတဲ့ သူ့ကို မျက်လုံးဝိုင်းတွေနဲ့လည်း ကြည့်လာသေးတယ်။ နဖူးကြောတွေပါ ထောင်ပြီး စိတ်ကြွနေပင်မဲ့ သသခွင့်မပြုလို့ တင်းခံနေပုံက သူ့စိတ်ကို ကြည်နူးစေတယ်။ ဒီလိုလူမျိုးကို သုံးနှစ်သုံးမိုးလုံး အငတ်ထားမိတဲ့ အတွက်လည်း ဝမ်နည်းမိတယ်။

ရှစ်ယင်ဟာ ကုတင်ခြေရင်းမှာ တင်းခံနေတဲ့ ယဲ့လူကြီးစီ ပြန်လျှောက်လာလိုက်တယ်။

"ကျွန်တော့်ကိုကြည့်..... ခုနက ကျွန်တော် နည်းနည်းလန့်သွားလို့ပါ။ အရမ်းတင်းမခံပါနဲ့....ကျွန်တော်ခွင့်ပြုတယ်။ ခင်ဗျားဆီမှာ ကျွန်တော့် တစ်ဘဝလုံးတောင် ပုံအပ်ထားပြီပဲ။ ဒါလေးက အသေးအမွှားပဲ မဟုတ်လား။"

ယဲ့လူကြီးရဲ့ မျက်နှာကို အုပ်ကိုင်ပြီး သူကအရင် နမ်းခဲ့တယ်။ မနေ့ညက အကြောင်းကို စဉ်းစားရင်းနဲ့ ရှစ်ယင်ရဲ့ မျက်နှာဟာ နီမြန်းလာပြန်တယ်။ထိုလူကြီးဟာက နည်းတဲ့ဟာကြီး မဟုတ်ဘူး။

ကိစ္စပြီးတဲ့ အချိန် ယဲ့လူကြီးဟာ သူ့ကို သေချာသန့်စင်ပေးထားလို့ တော်သေးတာပေါ့။ သူ့မှာ မေ့လဲသွားလို့ မမှတ်မိတော့။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now