Part 12

4.1K 390 16
                                    

Unicode

Mr.YeMi စာကြည့်ခန်းက ထွက်လာတော့ ဆခါဒါရိကို တွေ့လို့ သူနည်းနည်းကြောင်သွားတယ်။

"ဆခါဒါရိ မင်းက ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။"ယင်"နောက် မလိုက်သွားဘူးလား။"

"ကျွန်တော်က ဘာလို့ ရှစ်ယင်နောက်...."

သူ့စကားတောင် မဆုံးလိုက် အသည်းအသန်ပြေးထွက်သွားတဲ့ Mr.YeMi ကြောင့် သူပါရောယောင်ပြီးပြေးလိုက်မိတယ်။
မောင်းသူနေရာဝင်ထိုင်တဲ့ သခင်ကြီးကြောင့် သူက ဘေးက ခုံမှာ ဝင်ထိုင်လိုက်တယ်။

"မင်းကိုငါ မနက်က မပြောမိလိုက်ဘူး။ယင်ကို တစ်ယောက်တည်း လွတ်လို့ မဖြစ်ပါဘူးဆိုကွာ။"

ကားစတီယာတိုင်ကို ကြမ်းတမ်းစွာကိုင်ပြီး နောက်ပြန်တွေ လှည့်ကာ အသစ်စက်စက် ဂျာမနီကနေ ဝယ်ထားတဲ့ ဂျစ်ကားလေးကို မောင်းနေတာမို့ သူ့မှာ ခါးပတ်တွေ အမြန်ပတ်ကာ တန်းကို ကိုင်ထားရတယ်။ အထက်တန်းလွှာက လူတွေတောင် ဝယ်မစီးနိုင်တဲ့ကား။ဂျာမနီမှာ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ကားကို ဂျာမန်အိမ်ရှေ့စံနဲ့ Mr.YeMi နှစ်ယောက်သာ ဝယ်နိုင်ခဲ့တာ။ ဒီလိုကားကို ဘာလို့ ဒီလာက်တောင် ကြမ်းကြမ်းတမ်းတမ်း မောင်းနေတာလဲ။ မေးတော့ မမေးဖြစ်။

"ကျစ်.....ဈေးတန်းထဲများရောက်နေတာလား။"

ရှီအန်းမြို့ရဲ့ ဈေးတန်းထဲကို ကားဝင်လို့ မရတာမို့ ကားကို ဈေးပြင်မှာထားခဲ့တဲ့ သခင်ကြီးနောက်ကို ဆခါဒါရိ အပြေးလိုက်တယ်။ဒီလောက်ထိ အလောတကြီး ဖြစ်နေတာကို သခင်ကြီးနဲ့ စသိကတည်းက ဒါပထမဆုံး မြင်ဖူးတာပဲ။

"ယင်ရာ....ဘယ်တွေသွားနေတာလဲကွာ။"

ယဲ့မီဟာ မျက်မှန်ကို ပင့်တင်ပြီး ဟိုဟိုဒီဒီလိုက်ကြည့်တော့ တွေ့ပါပြီ။ လူတွေဝိုင်းအုံ ကြည့်နေတဲ့ အလည်မှာ ရှီဖိန်းဆွဲထားရတဲ့ ယင်ကို။ပြီးတော့ ယင်ရှေ့က ထွားထွားကြိုင်းကြိုင်းနဲ့ လူတစ်ယောက်။ နှုတ်ခမ်းထော်ထော်နဲ့ ကတ်ကတ်လန်အောင် စွာနေတဲ့ အသံကို ဒီကနေတောင် အတိုင်းသားကြားနေရတယ်။ ဘာတဲ့ "မင်းအမေ မင်းကို မပြောဘူးလား"တဲ့။

ဆခါဒါရိဟာ အလိုက်သိစွာနဲ့ စုနေတဲ့ လူတွေကို ဘေးဖယ်ခိုင်းကာ သခင်ကြီးရဲ့ လမ်းကို ရှင်းပေးတယ်။ဘယ်လိုပဲ ရှစ်ယင်ကို မနာလိုတယ် ပြောပြော။ သခင်ကြီးက စိတ်ပူနေတယ်ဆိုရင်တော့ သူအဲ့တာကို လျစ်လျူရှုလိုက်ရမှာပဲ။အဓိက ကတော့ Mr.YeMi စိတ်သက်သာရာ ရဖို့ပဲလေ။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now