Part 28

2.7K 281 16
                                    

Unicode

ရှစ်ယင်နိုးလာတော့ ကုတင်ကျယ်ကြီးပေါ်ရောက်နေတယ်။ သူ လူပုံ မပြောင်းသေး။ ဘေးဘက်ကို ကြည့်လိုက်တော့ လောင်ဟုန်စစ်ဟာ အိပ်မောကျနေတာ တွေ့ရတယ်။ သူ ထရပ်လိုက်ပြီး ကုတင်ပေါ်က ခုန်ချမယ်ကြံတော့ လမ်းတစ်ဝက်မှာတင် သူဟာ ခါးကနေ ညစ်ခံလိုက်ရတယ်။

"ဘယ်သွားမလို့လဲ ပေါက်စ။ မနက် မရောက်သေးဘူး။ အားရှိအောင် အိပ်လိုက်ဦး။"

ထိုမျှပြောပြီး ရှစ်ယင်ဟာ ထိုလူ့ရင်ဘက်ပေါ်မှာ မှောက်ယှက်လေး ဖိချခံလိုက်ရတယ်။

ဘာကို မနက်မရောက်သေးတာလဲ။ ယဲ့လူကြီးဆီ ပြန်ရမှာကွ။

"ဂါးဝါး"

"အင်း အင်း အိပ်အိပ်။"

သူ့ တင်ပါးကို နှစ်ချက်ပုတ်ကာ ခေါင်းကို ဖိထားတဲ့ ထိုလူကြောင့် မသက်မသာနဲ့ သူ ခနမှေးလိုက်တယ်။ ထိုလူ အိပ်ပျော်သွားမှ ထွက်ပြေးရမယ်။

ခုမှ စဉ်းစားမိတယ် လက်စွပ်လေးတောင် ပါမလာခဲ့ဘူးပဲ။ ယဲ့လူကြီး အိမ်မှာ ကျန်ခဲ့တာ ဖြစ်မယ်။ ဓာတ်ပုံလေးကတော့ ဟိုဘက်ခေတ်မှာ ကျန်ခဲ့ပြီနေမှာ။ ဘယ်လိုလုပ်ရမလဲ။

ခနလောက်ကြာတော့ ထိုလူဟာ ပြန်အိပ်ပျော်သွားတော့တယ်။ ထိုလူ အိပ်ပျော်သွားမှ သူ့ခေါင်းကို ဖိထားတဲ့ လက်ဟာ ပြေလျော့လာတယ်။ သူအသာထပြီး ကုတင်ပေါ်က ခုန်ဆင်းကာ တံခါးပေါက်ဖက်လျှောက်လာလိုက်တယ်။ ဒီတံခါးကြီးကို ဘယ်လိုဖွင့်ရပါ့။ အရင်တုန်းက သူ အကောင်ပေါက်ဖြစ်နေရင် ရာမီနဲ့ ယဲ့လူကြီးကပဲ ဖွင့်ပေးနေကြမို့ သူ့မှာ အကျင့်ပါပြီး တံခါးဆို လုံးဝတောင် မဖွင့်ဖြစ်တော့။ ခုတော့ ဒုက္ခရောက်ပြီ။

ရှစ်ယင်ဟာ အနောက်ကို ပြန်ဆုတ်ကာ အရှိန်ယူလိုက်တယ်။ပြီးတော့ ပြန်ပြေးလာကာ တံခါးနားရောက်ခါနီးမှာ ခုန်လိုက်ကာ တံခါးလက်ကိုင်ဘုပေါ် တက်ထိုင်လိုက်တယ်။ ပြီးတာနဲ့ လက်ကိုင်ကို လှည့်လိုက်တော့ တံခါးဟာ ဖြည်းဖြည်းချင်း ပွင့်လာတယ်။ လက်ကိုင်ပေါ်က ဆင်းပြီး အပြင်ထွက်လာလိုက်တယ်။ ယဲ့လူကြီး အိမ်လိုပဲ ကြီးလိုက်တာ။ အခန်းတွေက ဘယ်နှစ်ခန်းတောင်လဲ။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now