Part 24

2.8K 287 27
                                    

Unicode

"ကျွန်တော်လည်း လိုက်မှာ။"

"အန္တရာယ်များတယ်။ ဒီပွဲက ရိုးရိုးလေလံပွဲမဟုတ်ဘူး။"

"ဟာ.... အိမ်မှာ မနေခဲ့ချင်ဘူး။"

ရှစ်ယင်က ယဲ့မီရဲ့ ရင်ခွင်ထဲ တိုးဝင်ပြီး ဖက်လိုက်တယ်။

"ဒီတစ်ခါတော့ ကိုယ်အလိုမလိုက်နိုင်ဘူး....ယင် "

ယဲ့မီက ရှစ်ယင်ရဲ့ပုခုံးကို ဆုပ်ကိုင်ပြီး ခွာလိုက်တယ်။ ပြီးတော့ အိမ်တော်ထဲက ရှိသမျှအလုပ်သမားတွေကို ယဲ့မီခေါ်လိုက်တယ်။

"ရှစ်ယင်ကို အိမ်ထဲကနေ အိမ်ပြင်မထွက်စေနဲ့။ သူ့ကိုလည်း မထိနဲ့။"

အလုပ်သမား၁၀ယောက်က စဉ်းစားလိုက်တယ်။ မထိပဲနဲ့ မထွက်အောင် ဘယ်လိုတားရမှာလဲ။

ရှစ်ယင်ဟာ နှုတ်ခမ်းကို တစ်ဒေါင်လောက်ထော်ပြီး ယဲ့မီကို စိုက်ကြည့်တယ်။ အိမ်ကြီးထဲမှာ ပျင်းစရာ ဒီလောက်ကောင်းတာကို တစ်ယောက် တည်း ထားခဲ့တယ်ပေါ့။ မနေချင်ဘူး။ မနေနိုင်ဘူး။

အခန်းထဲ ဒုန်းဆိုင်းဝင်ပြီး တံခါးကို ကျိုးကြေမတက် ပိတ်သွားတဲ့ ရှစ်ယင်ကို ကြည့်ပြီး ယဲ့မီသက်ပြင်းချတယ်။ စိတ်ကောက်ရင်လည်း ပြန်လာမှပဲ ချော့တော့မယ်။ ဟိုပွဲမှာ နောက်ကွယ်က လက်မဲတွေများတာမို့ ကလေး အန္တရာယ်ဖြစ်မှာ စိုးရတယ်။

ဆခါဒါရိကို ခေါ်ပြီး သူလည်း လေလံပွဲကို ထွက်လာခဲ့လိုက်တယ်။

အခန်းထဲက ရှစ်ယင်ကတော့ သူ့လက်ထဲက ဖိတ်စာကတ်လေးကို ပြုံးပြီး ကြည့်နေတယ်။ ခုနက ဖက်လိုက်တုန်းက ယဲ့လူကြီး အိတ်ကပ်ထဲက ဖိတ်စာကတ်ကို ခိုးလိုက်တာ။ မသွားခိုင်းတာနဲ့ မသွားစရာလား။ ခိုးလိုက်လာမှာပေါ့။

သူ့ဘေးနားမှာ အိပ်နေတဲ့ ရာမီကို လှုပ်နိုးလိုက်တယ်။ အိပ်ဖို့ပဲ ဒီကောင်မလည်း အားကိုးလို့ကို မရဘူး။

"ထပါဦး ငါပြောစရာရှိတယ်။ ဒီည ယဲ့လူကြီးနောက်ကို လိုက်ရအောင်။ ဘယ်လိုလဲ လိုက်ချင်လား။"

"..............."

"ဖြန်း! ပြန်ဖြေလေ။"

ရာမီရဲ့ လက်မောင်းကို ရိုက်ပြီး ဖြေခိုင်းနေတဲ့ ရှစ်ယင်ကို ရာမီက စိတ်လေသလိုကြည့်တယ်။ စကားသာ ပြောတတ်လို့ကတော့ ရာမီအရင်ဆုံး ပြောမှာက ရှစ်ယင်က အရမ်း အကျင့်ပုတ်တယ် ဆိုတာပဲ။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now