Part - 4 ( U + Z )

36.8K 1.2K 148
                                    

Unicode

"ဟင်!! အဲ့ဒါဘာဖြစ်နေကြတာလဲ"

"ဟမ်! မေမေ"

"ဘာလုပ်နေကြတာလဲလို့!"

"ဟို ဒီလိုပါ မောင် ဗိုက်သိပ်မကောင်းလို့ အဲ့ဒါ အန်တီခက် ဆီမှာဆေးလာတောင်းတာပါ"

"ဪ အေး အေး အဒေါ်ကနှစ်ယောက်လုံးပျောက်သွားတော့ ဘာများဖြစ်နေလည်းလို့"

"ဟုတ်ကဲ့ မောင် ခဏနေ ဆင်းလာခဲ့ပါမယ်"

"အေး အေး သမီး"

ဒေါ်သီတာ အခန်းအပြင်ထွက်သွားမှ မောင်တို့နှစ်ဦးသား အသက်ဝဝ ရှုရတော့သည်။ လှေခါးပေါ်တက်လာသည့် ခြေသံကြားသောကြောင့် မောင်တို့နှစ်ဦးသား ရပ်လိုက်ရလေသည်။
မောင်ကတော့ သိပ်မကျေနပ်။

"တော်ပါသေးရဲ့ မောင်ရယ် မေမေ တွေ့သွားရင်ပြဿနာ"

"တွေ့တော့ဘာဖြစ်လည်း အန်တီရယ် တစ်ခါတည်းနားဖောက်ပြီးသားဖြစ်သွားတာပေါ့"

"မောင်နော်! ဆင်းတော့ အောက်ကို"

"အမ်! အတူတူမလိုက်ဘူးလား"

"ခဏနေမှ အန်တီ ဆင်းလာခဲ့တော့မယ် မောင်အရင်ဆင်းနှင့်"

"မိန်းမကို ဧည့်ခန်းထဲမှာ စောင့်နေမယ်နော်"

"မော်ဖူးမောင်!!!"

ပြောချင်တာပြောပြီး အောက်သို့ပြေးဆင်းသွားသော မောင့် နောက်ကျောကိုကြည့်ကာ ခက် သက်ပြင်းချနေမိသည်။

မောင်အောက်သို့ဆင်းလာသော်လည်း မောင့် ဒယ်ဒီ နှင့် ဒေါ်သီတာ သည်စကားပြောမပြတ်ပေ။ ခဏအကြာ ခက် အောက်သို့ဆင်းကာ ဒေါ်သီတာ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။

"ဒါဆို ကျွန်တော်တို့လည်းပြန်ဦးမယ်ဗျာ ခွင့်ပြုပါဦး"

"အေးကွယ် နောက်မှ အေးဆေးစကားပြောကြတာပေါ့"

"ခက် ကျွန်တော်ပြန်လိုက်ပါဦးမယ်"

"ဟုတ်ကဲ့ ကိုမာန်ထက်"

မောင်တို့သားအဖနှစ်ဦး ခက်ခြံထဲမှပြန်ထွက်သွားပြီးနောက် ဒေါ်သီတာ သည် ခက်အားလှမ်းကြည့်ရင်း

"ခက်!!"

"ရှင်! မေမေ"

"မောင်ထက် ကိုဘယ်လိုမြင်လဲ"

Daddy Wife - Season 1 (Completed)Where stories live. Discover now