Part - 41 ( U + Z )

22.6K 1.1K 177
                                    

Unicode

မင်္ဂလာပွဲနေ့ ။

မြန်မာပြည်၏ အကြီးမားဆုံး Premium Hotel ကြီးတွင် ကျင်းပနေသည့် မင်္ဂလာပွဲကြီးတစ်ခု ။

သတိုးသား - လွမ်းမဂ္ဂမောင်
သတိုးသမီး - ရှုတိုင်းယဉ်

မင်္ဂလာမောင်နှံနှစ်ဦးတို့၏ နာမည်ဖြင့် ထွင်းထားသော ကမ္ဗည်းကြီးဟာ ထည်ဝါစွာရှိလှသည် ။

ကြွရောက်လာသည့် ဧည့်ပရိတ်သတ်အပေါင်းတို့သည် လုပ်ငန်းစပ်တူ ပါတနာရှင်များ နှင့် မိတ်ဆွေအပေါင်းအသင်းများ ရာနှင့်ချီ ရှိသည် ။

သတိုးသမီး မိတ်ကပ်ပြင်ဆင်သည့် အခန်းတွင်းသို့ ဒေါ်ကျော့ကေသီ ဝင်လာသည် ။

"တို့ချွေးမလေးက လှလိုက်တာကွယ်"

"ကျေးဇူးပါ မမ .. အဲ .. မာ .. မာမီ"

"အဟင်း .. ဖြည်းဖြည်းကျင့်ပါ ယဉ်ရယ် အလျှင်မလိုပါဘူး"

"ဟုတ်ကဲ့ပါ မမကျော့"

"ကဲ .. သတိုးသားဆီ သွားလိုက်ဦးမယ်"

"ဟုတ်ကဲ့"

သတိုးသမီး မိတ်ကပ်ပြင်သည့် အခန်းထဲမှ ထွက်၍ မောင့် ထံသို့ သွားလေသည် ။

အနက်ရောင် suit အားကြည့်ရင်း မောင် သည်တစ်ချိန်က ခက် နှင့်အတူ မင်္ဂလာဝတ်စုံဆိုင်တွင် နှစ်ယောက်အတူ အစမ်းဝတ်ကြည့်ခဲ့သည့် မြင်ကွင်းကို ပြန်မြင်ယောင်လာသည် ။

တစ်ချိန်က ခက် နှင့်အတူမက်ခဲ့ဖူးသည့် အိမ်မက် ။ လက်ထပ်ပြီးရင် အတူနေဖို့ တည်ဆောက်ခဲ့ကြသည့် မင်္ဂလာဦး တိုက်ခန်းလေး ။ အားလုံးဟာ ပျက်ဆီးသွားခဲ့လေသည် ။ ချစ်သူနှစ်ဦး ဘယ်ကနေစပြီးလွှဲမှားခဲ့ကြသလဲ မောင် မစဉ်းစားတတ်ပေ။

"သား"

ဒေါ်ကျော့ကေသီ ၏ အသံကြားတော့မှ မောင့် အတွေးတွေကိုဖျောက်ဖျက်လိုက်သည် ။

"မာမီ"

"လဲတော့လေ သားရယ် ယဉ်တောင် အဆင်သင့်ဖြစ်နေပြီ"

"ဟုတ်ကဲ့ မောင် အခုပဲလဲလိုက်ပါမယ်"

"အေးအေး မာမီ ယဉ့် အခန်းမှာစောင့်နေမယ်"

Daddy Wife - Season 1 (Completed)Where stories live. Discover now