Part - 13 ( U + Z )

23.3K 966 196
                                    

Unicode

                 

                      မောင်မာန်ထက် + မမြမှူးခက်
                                    တို့၏
                             မင်္ဂလာဧည့်ခံပွဲ

"မဟုတ်ဘူး! မဖြစ်နိုင်ဘူး! ဒါလိမ်တာ! ဘာလို့ .. ဘာလို့ အန်တီက ဒယ်ဒီနဲ့ .. မဖြစ်နိုင်ဘူး!"

မောင် ခေါင်းကိုအသွင်သွင် ခါယမ်းလို့နေသည်။ သုံးလအတွင်းဘာတွေပြောင်းလဲ သွားလည်းမောင် မစဉ်းစားတတ်။

မောင် ချက်ချင်းပင် ခက် ၏ ဖုန်းအားခေါ်လိုက်ရာ

*လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထားပါတယ်ရှင်*

ခက် ၏ဖုန်းကလေးသည် စက်ပိတ်သွားခဲ့လေသည်။ မောင့် ရင်တွေပူလောင်နေသည်။ မောင် ပြန်မည်။ အန်တီ့ ကိုမေးမည်။ မောင် ချစ်ရတဲ့ အမျိုးသမီးကို မောင် မေးမည်။ ဘာတွေဖြစ်ခဲ့တာလဲ။ ဘာတွေ မှားယွင်းနေတာလဲ ။

မျက်ဝန်းမှ မျက်ရည်စများ အဆမတန်စီးကျလာလေသည်။ အဝတ်အစားတွေ ထည့်နေသည့် မောင့် လက်တွေ တုန်ရီလို့နေသည်။

ကိုယ်ချစ်ရတဲ့အမျိုးသမီး ဟာ ဒယ်ဒီ နှင့် လက်ထပ်တော့မည်။ မောင့် မိထွေးဖြစ်လာတော့မည် ။ မောင် လက်မခံနိုင်ပါ ။ မောင့် ရင်တွေပိုလို့ပင် ပူလောင်ရလေသည်။

ဘယ်ဘက်ရင်ဘတ်မှ အောင့်တက်လာသော နှလုံးကို မောင် လက်ဖြင့် ထိန်းကိုင်လိုက်လေသည်။

"မောင် ပြန်လာမယ် အန်တီ ဒါ .. မောင့်ကို နောက်ပြီးပို့လိုက်တာမဟုတ်လား မောင် သိတာပေါ့ မောင် ပြန်လာမယ်"

မြန်မာပြည်သို့ပြန်ရန် မောင် ချက်ချင်းပင်စီစဉ်လေတော့သည်။ လေယာဉ်ပေါ်တွင်လည်း မဟုတ်ပါစေနဲ့လို့ မောင် ဆုတောင်းနေမိသည်။

^^^
"ကျွန်တော်ကတော့ မင်္ဂလာပွဲကို အခမ်းနားဆုံးလုပ်ချင်တယ်"

"အဒေါ်ကတော့ ခက် သဘောအတိုင်းပါပဲ"

"အဆင်ပြေသလိုသာ စီစဉ်လိုက်ပါ ခက် ပင်ပန်းလို့ နားချင်ပြီ"

ခက် အိမ်ပေါ်သို့ အလျှင်အမြန်တက်ကာ အခန်းတံခါးအား လော့ချပိတ်ပြီး ငိုချလိုက်လေသည်။ မောင် မရှိသည့် သုံးလအတွင်း ခက် ဘဝကြီးတစ်ခုလုံး ပျက်ဆီးသွားခဲ့လေသည်။

Daddy Wife - Season 1 (Completed)Where stories live. Discover now