Part - 40 ( U + Z )

21.5K 1K 142
                                    

Unicode

   မောင်လွမ်းမဂ္ဂမောင် + မရှုတိုင်းယဉ်
                                        တို့၏
                                  မင်္ဂလာဧည့်ခံပွဲ

ခရမ်းရောင်ဖိတ်စာလေးဟာ ခက် ၏ လက်ထဲသို့ရောက်ရှိလာလေသည် ။ ထိုဖိတ်စာကို ကိုင်ကာ မောင် ကိုယ်တိုင် ခက် ၏ အိမ်သို့ရောက်လာပြီး ခက် ၏ လက်ထဲသို့ပင် ထည့်ခဲ့လေသည် ။

ခက် ဟာ ထိုမင်္ဂလာဆောင် ဖိတ်စာလေးကို ထုတ်မကြည့်ပေ ။ ထုတ်မကြည့်ရက်ဟုပြောလျှင်ပိုမှန်လိမ့်မည်။ လွန်ခဲ့သော နှစ်များစွာက မောင် သည်လည်း ထိုကဲ့သို့ ခံစားရလိမ့်မည်ဟု ခက် တွေးမိသည် ။

ခက် ကိုယ်တိုင် ဒုတိယအကြိမ် စွန့်ပစ်လိုက်သည့် နှလုံးသားတစ်စုံ ။ ထိုနှလုံးသားတစ်စုံတွင် ချစ်ခြင်းမေတ္တာတွေနှင့် အတူ ရင်းနှီးမှုများစွာပါဝင်သည် ။

ခက် အရဲစွန့်ကာ ထိုဖိတ်စာလေးကို ဖွင့်ကြည့်မိသည် ။ ဖိတ်စာဖွင့်လိုက်သည်နှင့် ခက် အမြဲတမ်း သုံးခဲ့သည့် ရေမွှေးနံ့သင်းသင်းလေး။ မောင် ဟာ ခက်ကို ရက်စက်လိုက်လေသလား ။ မင်္ဂလာဖိတ်စာရဲ့ ရေမွှေးနံ့လေးဟာ ခက် စွဲစွဲမြဲမြဲသုံးခဲ့သည့် ရေမွှေးလေးဖြစ်သည် ။

အားတင်း၍ ဖိတ်စာလေးကို ဖွင့်လိုက်သည်နှင့် သတိုးသားနေရာတွင် လွမ်းမဂ္ဂမောင် ဖြစ်ပြီး သတိုးသမီးနေရာတွင်တော့ ရှုတိုင်းယဉ် ဆိုသည့် နာမည်လေးပေါ့။

ခက် အသက်မပါပဲပြုံးလိုက်သည် ။ ထိုအပြုံးတွင်တော့ ဆုံးရှုံးမှုများစွာ ပါဝင်သည် ။ မဖိတ်ခေါ်ပဲ ကျလာသည့် မျက်ရည်စများကို လက်ဖြင့် ခပ်ကြမ်းကြမ်းဆွဲသုတ်လိုက်သည် ။

"မငိုစမ်းနဲ့ မြမှူးခက်! နင်တော်တယ် နင်သိပ်တော်တယ် မောင့် ရဲ့ဘဝလေးက အခုဆို အေးချမ်းသွားပြီ နင် ရင်းနှီးခဲ့ရတာတန်တယ် မငိုစမ်းနဲ့ မြမှူးခက်!!"

ခက် ဟာ သူ့ကိုယ်သူ အားပေးနေမိသည်။ နောက်ဆုံးတော့ မောင် ဟာ ခက် ကိုနာကျည်းသွားလေပြီ ။ ခက် ဟာ ဟန်ဆောင်ကောင်းသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည် ။

တစ်ချိန်ကမောင်သည်လည်း ယခုလိုခံစားခဲ့ရမည် ဆိုတာ ခက် သိလေသည် ။ မောင် နာကျင်ခဲ့ရသလို ခက် သည်လည်း ယခုနာကျင်နေရသည် ။ ချစ်ရတဲ့သူတစ်ယောက်၏ မင်္ဂလာပွဲကို ခက် ဘယ်လိုတက်ရမည်နည်း။

Daddy Wife - Season 1 (Completed)Where stories live. Discover now