Part - 18 ( U + Z )

25.6K 1.1K 232
                                    

Unicode

၆ နှစ်ခန့်ကြာသောအခါ ......

"ဒယ်ဒီ..! ဒယ်ဒီ...! အီးဟီး..!!"

"သား..! ဘာဖြစ်လာတာလဲ ဒယ်ဒီ့ကိုပြော ဘယ်သူဘာလုပ်တာလဲ ဒယ်ဒီရှင်းမယ် ပြောစမ်းကွာ"

"ကျွန်မရိုက်လိုက်တာ..!!!"

"ဟမ်! ခက် ကလဲကွာ သားကိုဘာလို့ရိုက်ရတာလဲ"

"မရိုက်လို့ဖြစ်မလား .. နေစမ်းပါဦး ကျွန်မမေးပါရစေ ရှင်က ကလေးကို လိမ္မာအောင်ဆုံးမနေတာလား ကြားထဲကနေမြှောက်ပင့်နေတာလား ရှင့် သား ဒီနေ့ကျောင်းမှာ သူငယ်ချင်းကို ထိုးလာတယ်တဲ့ ကျွန်မကိုသူ့ဆရာမတိုင်လိုက်တယ်"

"ဟုတ်လား သား ဘာလို့ထိုးတာလဲသားရယ်"

၆ နှစ်ဆိုသည့်အချိန်သို့ရောက်ရှိလာလေသည် ။ လွန်ခဲ့သော ၆ နှစ်ခန့်က ခက် သည် သေကြောင်းကြံစည်ခဲ့သည် ။ ကံကောင်းထောက်မ၍ ဒေါ်သီတာ တွေ့သွားခဲ့ပြီး ဆေးရုံသို့အမြန်တင်ကာ အရေးပေါ်အသက်လုခဲ့ရလေသည် ။

သေကြောင်းကြံစည်သည့် အချိန်တွင် ခက် ၏ကိုယ်ထဲတွင်ရင်သွေးလေးရှိနေခဲ့လေသည်။

ကိုယ်ဝန် နှင့် စိတ်ထိခိုက်မှုမရှိအောင် ဦးမာန်ထက် အတော်လေးကြိုးစားခဲ့ရလေသည် ။ ယခုဆို ဦးမာန်ထက်နှင့် ခက် တို့တွင် ၆ နှစ်အရွယ်သားတစ်ယောက်ရှိလေပြီ ။ ဒေါ်သီတာ သည်လည်းနှလုံးရောဂါဖြင့် လွန်ခဲ့သော ၂ နှစ်ခန့်ကဆုံးသွားခဲ့လေသည် ။

ဒေါ်သီတာ ဆုံးပြီးနောက် ပြင်ဦးလွင်တွင်ရှိသော ခက် ကော်ဖီခြံကို လက်လွှဲယူခဲ့လေသည် ။ ထိုအချိန်မှသာ ခက် ကော်ဖီသည် မူးယစ်ဆေး တွေထည့်ရောင်းနေသည်ကို ခက် သိလိုက်ရလေသည်။

မူးယစ်ဆေးနှင့် ပက်သက်သည့် အရှုပ်များ အားလုံးရှင်းလင်းပြီးနောက် ခက် ကော်ဖီ သည် စားသုံးသူများထံသို့ ကော်ဖီစစ်စစ်ကိုသာ ထုတ်ပိုးရောင်းချသွားလေတော့သည် ။

ယခုဆို ခက် သည် ဆေးရုံအလုပ်မှ ထွက်ကာ အိမ်ထောင်ရှင်မကြီးသဖွယ်ဖြစ်နေလေသည် ။

"သျှားခက်မာန် ..!!! အခုချက်ချင်းထွက်လာခဲ့!!"

"မလာဘူး! မာမီ က သားကို ရိုက်မှာ"

Daddy Wife - Season 1 (Completed)Where stories live. Discover now