Part - 37 ( U + Z )

20.9K 1K 166
                                    

Unicode

"ယဉ်! .. ယဉ်! .. ဘာဖြစ်လာတာလဲ ယဉ်! သား ဘာဖြစ်လို့လဲ!"

မောင် နှင့် ခက် တို့၏ မြင်ကွင်းကိုမြင်ပြီးနောက် ယဉ် သည် ဆေးရုံတံခါးရှေ့မှ ပြေးထွက်လာသည် ။

"ဟင့်! မမကျော့!"

"ဘာဖြစ်လာတာလဲ ယဉ်! မမကျော့ ရင်တုန်လိုက်တာ ဘာဖြစ်လာတာလဲ!"

"မောင် သတိရလာပြီ မမကျော့! ဒါပေမယ့်! ဟင့်!!"

"ဒါပေမယ့် ဘာဖြစ်လဲ! ပြောပါ ယဉ် ရယ်"

"ဒါပေမယ့် မောင် နဲ့ မြမှူးခက် နဲ့ကလေ ဟင့်!"

ထိုစကားကြောင့် ဒေါ်ကျော့ သဘောပေါက်လိုက်သည် ။ မောင် နှင့် ခက် တစ်ခုခုဖြစ်နေပြီ ဆိုသည်ကိုပေါ့။

"ယဉ်! မမကျော့ကိုကြည့် မမကျော့ ရှိတယ် ယဉ့် ဘက်မှာ မမကျော့ ရှိနေတာမို့ မျက်ရည်မကျစမ်းနဲ့ကွယ်"

"ဟင့်အင်း မမကျော့ ယဉ် သိနေတယ် မောင် က အခုထိ မြမှူးခက် ကို ..."

"အို ... မြမှူးခက် က အိမ်ထောင်သည်လေ ယဉ် ရယ် အတွေးမလွန်စမ်းနဲ့ကွယ်"

"မမကျော့ သိလား ယဉ် မောင့် ကိုအဆုံးရှုံးမခံနိုင်ဘူး မောင့် ကိုသာ ယဉ် ဆုံးရှုံးလိုက်ရရင် ယဉ် ရူးသွားမလားပဲ"

"အဲ့ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး ယဉ် သတ္တိရှိစမ်းပါ မမကျော့ တစ်ယောက်လုံးရှိတယ် မဟုတ်လား"

"ဒါပေမယ့် မောင် က .."

"ကဲ! အဲ့လိုတွေ ပျော့ညံ့တာ မမကျော့မကြိုက်ဘူး မမကျော့ ချွေးမလေးက သတ္တိရှိနေရမယ် မောင် ဘယ်လောက်ပဲ မြမှူးခက် ကိုစွဲလန်းနေပါစေ မြမှူးခက် ကအိမ်ထောင်သည် တရားဝင်ခင်ပွန်း ရှိနေတဲ့သူ ယဉ် ကလူလွတ်တစ်ယောက် အဲ့ဒီ တစ်ချက်နဲ့တင် ယဉ် တစ်ပန်းသာနေပြီ"

ဒေါ်ကျော့ ဟာ ယဉ့် ကို သတ္တိတွေပေးနေသည်အလား ။ ခက် နှင့် မောင့် ကို ဒေါ်ကျော့ ဟာ သဘောတူမည်မဟုတ် ။ ခက် ဟာတစ်ချိန်က မောင့် ကိုထားခဲ့သည့်သူဖြစ်သည် ။

ကိုယ့်လမ်းကိုယ်လျှောက်နေကြသည့် သူများဖြစ်သည့် အတွက် ဒေါ်ကျော့ သည် ခက် ကိုလက်ခံမည်မဟုတ် ။ ဒါ့အပြင် ဒေါ်ကျော့ သည် ယဉ့် ကိုသာချွေးမတော်မည် ။

Daddy Wife - Season 1 (Completed)Where stories live. Discover now