Part - 11 ( U + Z )

25.7K 908 118
                                    

Unicode

"ရှင်ယုတ်မာလှချည်လား ကိုမာန်ထက်!!"

"ခက် ကို .. ကို ရှင်းပြ"

~ ဖြန်း!! ~

"လူယုတ်မာ!!"

"ခက်!! ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက် ကိုချစ်လို့ နမ်းတာ သဘောဝပဲလေ"

"မချစ်နဲ့!! ရှင့် ပါးစပ်ကိုပိတ်ထား! မေမေ့ မျက်နှာနဲ့မို့ ကျွန်မရှင့်ကို အလိုက်အထိုက် ဆက်ဆံနေတာ လူယုတ်မာ!"

ခက် သူ၏ ပိုက်ဆံအိတ်အား ဆွဲကာ ပြေးထွက်လာလေသည်။ ပြေးနေသော ခြေလှမ်းတို့သည် ယိုင်နဲ့လို့နေလေသည် ။

ခက် တွင်ကားမပါလာ ။ ဦးမာန်ထက် ကားနှင့် လိုက်လာမိလေသည်။ ကားဌားစီးရန် အတွက် ယိုင်နဲ့နေသော ခြေလှမ်းများဖြင့် အားယူကာ လျှောက်လာနေမိသည်။

ခက် အိမ်သို့ရောက်သည်နှင့် မိခင် ဖြစ်သူအားမမြင်နိုင် အိမ်ပေါ်သို့ အပြေးအလွှား တက်လာခဲ့မိသည် ။ အခန်းတံခါး အားပိတ်ရင်း အိပ်ယာပေါ်တွင် ငိုချလိုက်လေသည်။

မောင် တစ်ဦးသာ ထိတွေ့ခဲ့သည့် ခက် ၏ နှုတ်ခမ်း ။ မောင် တစ်ဦးသာ ပိုင်ဆိုင်ခွင့်ရှိသည့် ခက် ၏ ခန္တာကိုယ် ။ ထိုသူ ထိတွေ့ခဲ့သည် ။ ထိုသူ နမ်းရှိူက်ခဲ့သည် ။

ပုံနှင့်ဗီဒီယို ကိုကြည့်ကာ မဲ့ပြုံးပြုံးနေသူမှာ ချစ်ရပ်ဝေ ။ ခက် ၏ အနောက်သို့ လူလွှတ်ကာ စုံစမ်းခိုင်းခဲ့လေသည်။ မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခုကို မြင်လိုက်ရသည့် အတွက် ချစ်ရိပ်ဝေ အတော်လေး ကျေနပ်နေလေသည်။

"ဒေါ်မြမှူးခက်! ရှင်ဟာလေ လှေနံနှစ်ဖက်နင်းတဲ့ မိန်းမပဲ ဒီပုံတွေကိုသာ မောင် တွေ့သွားခဲ့ရင် ရှင်တော့ရှုံးပြီ ဟက်!!"

ချစ်ရိပ်ဝေ ဦးတည်လျှောက်နေသော ခြေလှမ်းများသည် ဦးမာန်ထက် ရှိရာရုံးခန်းသို့ ။

"ဥက္ကဌကြီးနဲ့တွေ့ချင်လို့ပါ MD မော်ဖူးမောင် ရဲ့ အတွင်းရေးမှူးပါ"

"ခဏလေး စောင့်ပေးပါရှင့်"

ဦးမာန်ထက်၏အတွင်းရေးမှူးသည် ဥက္ကဌရုံးခန်းထဲသို့ဝင်သွားပြီးနောက် ခဏအကြာပြန်ထွက်လာလေသည်။

Daddy Wife - Season 1 (Completed)Where stories live. Discover now