Part - 22 ( U + Z )

23.7K 1.2K 71
                                    

Unicode

"ကယ်ပါ .. ကယ်ကြပါ .. ကျွန်မသမီးလေးကို ကယ်ပေးကြပါ"

"ကျွန်မသမီးလေးကို ကယ်ပေးကြပါရှင်"

ကုတင်ပေါ်တွင်ဒဏ်ရာများဖြင့် သွေးထွက်လွန်ကာ သတိလစ်နေသည့် မိန်းကလေးတစ်ဦးကို အမျိုးသမီးကြီးတစ်ဦးသည် ဆေးရုံကြီးတစ်ခုတွင် ဆရာဝန်များကို အကူအညီတောင်းနေလေသည် ။

မဂ္ဂ အိပ်မက်ဆိုးကြီးမှ နိုးထလာလေသည် ။ ဘေးတွင်ရှိသောနာရီကို ကြည့်ရာ မနက် ၁၀ နာရီထိုးလို့နေသည် ။ ယနေ့ ရုံးပိတ်ရက်ဖြစ်သောကြောင့် မဂ္ဂ နေမြင့်မှထသည်။

အောက်ထပ်သို့ ဆင်းလာသောအခါ မိခင်ဖြစ်သူ ဒေါ်ကျော့ အားမတွေ့ပေ။

"ဒေါ်ငွေ.."

"ပြောလေ သား"

"မာမီ့ကိုမတွေ့ပါလား မာမီဘယ်ရောက်နေတာလဲ"

"မနက် ၈ နာရီလောက်ထဲက မနက်စာစားပြီးထွက်သွားတယ် သားရဲ့ ဘယ်သွားလဲတော့ ဒေါ်ငွေ ကို မပြောသွားဘူး"

"ဟုတ်ကဲ့"

မဂ္ဂ အိမ်ပေါ်သို့တက်ပြီးနောက် ရေချိုးသန့်စင် ကာ အနက်ရောင် Tshirt နှင့် ဘောင်းဘီ အတိုအား ဝတ်ဆင်ကာ အောက်သို့ပြန်ဆင်းလာလေသည် ။

ယနေ့ မနက်စာ သည် မဂ္ဂ ကြိုက်သည့် အုန်းနို့ခေါက်ဆွဲ သို့သော် ထို အုန်းနို့ခေါက်ဆွဲသည် ဒေါ်ကျော့ချက်သည် မဟုတ်။ အိမ်အကူအမျိုးသမီး ဒေါ်ငွေ ချက်ထားခြင်းဖြစ်သည် ။

မနက်စာစားနေရာမှ ခြံထဲသို့ ကားဝင်လာသည့်အသံကြားသည် ။ ဒေါ်ကျော့ပြန်လာသည်ဟုထင်သည် ။ လက်ထဲတွင် ကော်ဖီခွက်လေးကိုင်ကာ မဂ္ဂ မီးဖိုချောင်ထဲမှထွက်လာသည်။ အိမ်ရှေ့သို့ရောက်သော် ...

"ဖူး.....!!"

"အို ... ဒီကောင်လေး ညစ်ညစ်ပတ်ပတ်"

"အဟွတ် အဟွတ်"

ဒေါ်ကျော့နှင့်အတူပါလာသည့် အမျိုးသမီးကြောင့် မဂ္ဂ သောက်နေသည့် ကော်ဖီတွေ သီးကုန်လေသည် ။

"အန်တီယဉ် !!"

"မောင်!"

အနီးတွင် ရှိသော စားပွဲခုံပေါ်သို့ ကော်ဖီခွက်လေးတင်ကာ မဂ္ဂသည် ယဉ့် ကိုပြေးဖက်လေသည်။ ယဉ် လွမ်းနေသည့် ထိုအမျိုးသားလေး၏ ရင်ခွင်သည် ယခုချိန်ထိ နွေးထွေးနေဆဲပင်။

Daddy Wife - Season 1 (Completed)Where stories live. Discover now