Part - 9 ( U + Z )

26K 932 221
                                    

Unicode

"ငါ စောင့်ကြည့်မယ်"

"ရှင်!"

"အဲ့ဒီကောင်မလေးက ညည်းရဲ့ အိမ်ထောင်ဖက်ကောင်း ဇနီးကောင်း တစ်ယောက် ဖြစ်နိုင်သလားဆိုတာ ငါ စောင့်ကြည့်မယ်"

"မေမေ! မေမေ တစ်ကယ်ပြောတာလား"

ဒေါ်သီတာ ပြန်မဖြေ။ ခက် ကို မျက်စောင်းထိုး၍ အိမ်ပေါ်သို့တက်သွားလေသည်။

ခက် အတွက် ထိုအရာသည် မတောင်းပဲပြည့်ခဲ့သည့် ဆုတစ်ခုပင်။ လပေါင်းများစွာ အတိုက်အခံ လုပ်ခဲ့ပြီး နောက်ဆုံး ခက် မေမေ သည် မောင့် အားစောင့်ကြည့်ဦးမည်ဟု ပြောလေသည်။

ထိုညတွင်တော့ ခက်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့လေသည်။

^^^
"မချစ်ရိပ်ဝေ"

"ဟုတ်ကဲ့ ကျွန်မပါ"

"ကျွန်မနဲ့လိုက်ခဲ့ပေးပါ"

အမျိုးသမီးတစ်ဦး၏ ခေါ်ဆောင်ရာနောက်သို့ ချစ်ရိပ်ဝေ လိုက်သွားလေသည်။

"ဒါ မချစ်ရိပ်ဝေ သုံးရမယ့်စားပွဲပါ တစ်ပတ်အတွင်း အလုပ်အကြောင်းတွေ သေသေချာချာ သင်ကြားပေးပါ့မယ် အကူအညီလိုအပ်ရင်လဲ အချိန်မရွေးတောင်းလို့ရပါတယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ချစ် ကအလုပ်ကိုအခုမှလုပ်ဖူးတာဆိုတော့ အမှားလေးတွေတော့ရှိလာနိုင်ပါတယ် သင်ကြားပြသပေးပါဦး"

"မကြာခင် MD ရောက်လာပါလိမ့်မယ် မချစ်ရိပ်ဝေ က အတွင်းရေးမှူးဆိုတော့ ရုံးရောက်တာနဲ့ MD ရဲ့အလုပ်စားပွဲနဲ့အခန်းကိုသန့်ရှင်းရေးလုပ်ပေးပါ ပြီးတော့ MD က Coffee နဲ့ ဓာတ်မတည့်ပါဘူး ကော်ဖီ အစား Chocolate Milk ကိုသောက်ပါတယ် MD အတွက် Chocolate Milk ပြင်ထားပေးပါ"

"ဟုတ်ကဲ့ ချစ် လုပ်ထားလိုက်ပါမယ် ဟို.. ပြီးတော့လေ ချစ် ကို မချစ်ရိပ်ဝေ လို့မခေါ်ပါနဲ့လား ရင်းရင်းနှီးနှီး ချစ် လို့ပဲခေါ်ပါ"

"ဟုတ်ကဲ့ပါ ချစ် ဒါဆိုကျွန်မကိုခွင့်ပြုပါဦး"

"ဟုတ်ကဲ့ရှင်"

ထိုအမျိုးသမီး ထွက်သွားပြီနောက် ချစ်ရိပ်ဝေ မောင့် စားပွဲပေါ်တွင်ရှုပ်ပွနေသော ဖိုင်များကိုသပ်သပ်ရပ်ရပ် ပြန်စီ၍ သန့်ရှင်းရေးလုပ်လေသည်။

Daddy Wife - Season 1 (Completed)Where stories live. Discover now