Part - 35 ( U + Z )

20.5K 1K 122
                                    

Unicode

"ကယ်ပါ .. ကျွန်မကိုကယ်ပါ ... ကယ်ပေးကြပါ"

"အား....!!!!!"

ခက် အိပ်မက်မှအလန့်တစ်ကြားနိုးလာလေသည် ။ အဲကွန်းဖွင့်ထားသည့် အခန်းတွင်းဝယ် ခက် ၏တစ်ကိုယ်လုံးသည်ချွေးများ စိုရွှဲနေလေသည် ။

နာရီကိုကြည့်ရာ မနက် ၅ နာရီခန့်ရှိလေသည်။ ဘေးတွင် သျှားခက် ကတော့ အိပ်မောကျလျက်ပင် ။ လူကြီးတွေပြောဖူးသော စကားတစ်ခွန်းကြားဖူးသည် ။

မနက် မက်သည့်အိပ်မက်သည် အမှန်ဖြစ်ပြီး ညသန်းခေါင် မက်သည့်အိပါမက်သည် အမှန်မဟုတ်ပေ ။ ယခု ခက် နိုးလာသည့်အချိန်သည် မနက် ၅ နာရီဖြစ်သောကြောင့် ထိုအိပ်မက်ကို အမှန်ယူရမည်လား မခွဲခြားတတ်တော့ပေ။

ထိုအိပ်မက်ထဲက အမျိုးသမီးဟာ ဘယ်သူလဲ ။ ဘာကြောင့် ကယ်ခိုင်းတာလဲ ။ ခက် စဉ်းစားမရပါ ။ ပြန်အိပ်လျှင်လည်း အိပ်ပျော်မည်မဟုတ်သောကြောင့် ခက် အိပ်ယာမှ စောစောပင် ထလာလိုက်သည် ။

ယဉ် သည် ယနေ့မနက် စောစောလေးနိုးလာသည် ။ ညက သောက်ထားသည့် ဝိုင်အရှိန်ကြောင့် ခေါင်းသည်လည်း တစ်ဆစ်ဆစ်ထိုးကိုက်လာသည် ။

ထို့နောက် ညက ပုံရိပ်သည်မျက်ဝန်းထဲတွင်တစ်ရေးရေးပေါ်လာသည် ။ သူမ ယခုလိုမသောက်ဖူးပေ ။ ဘာကြောင့် ဒီလောက်သောက်မိမှန်း သူ့ကိုသူ နားမလည်နိုင်ပေ။

အတွေးတို့ကိုခေါင်းခါထုတ်ကာ ဆေးရုံသွားရန်ပြင်ဆင်လေတော့သည် ။

မောင် ညက တစ်ညလုံးအိပ်မပျော် ဖုန်းထဲတွင်ရိုက်ကူးထားသည့် မောင် နှင့်မျက်နှာတူသည့် အမျိုးသားတစ်ဦးကို ကြည့်နေလေသည် ။ ထိုအမျိုးသားသည် ယဉ် နှင့်အတူ တွဲရိုက်ထားသည်။

မောင် ၏ သိချင်စိတ်သည် အတော်လေးပြင်းပြနေသည် ။ ထို့နောက် ချက်ချင်းပင် ယဉ့် အခန်းဆီသို့ သွားလေသည် ။

အခန်းတံခါးအားခေါက်သော်လည်း ပြန်ထူးသံမကြား ။ အိပ်နေသည် ဟု ထင်ကာပြန်လှည့်ထွက်မည်အပြု ..

~ ဂျလောက် ~

"အို .."

"အာ .. အန်တီယဉ် ဆောရီး မောင် က အိပ်နေတယ်ထင်လို့"

Daddy Wife - Season 1 (Completed)Where stories live. Discover now