Part - 32 ( U + Z )

23.3K 1.1K 164
                                    

Unicode

မော်ဖူးမောင် ၈ နှစ်တိတိလွမ်းနေခဲ့သည့် မြမှူးခက် သည် နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိလာလေသည် ။

ချစ်လျက်နဲ့ ဝေးကွာခဲ့ကြသော ချစ်သူနှစ်ဦးသည် နောက်ဆုံးတော့ ပြန်လည်ဆုံဆည်းခဲ့လေတော့သည် ။

သတိရခြင်း ။ လွမ်းဆွတ်ခြင်း ။ တွေနှင့်အတူ ချစ်သူနှစ်ဦးသည် တင်းကြပ်စွာဖက်တွယ်ထားသည်မှာ အတော်ကြာလေသည််။

"အန်တီလေမောင့်ကိုအရမ်းလွမ်းခဲ့တာ"

"မောင် လဲ အန်တီ့ ကိုလွမ်းနေခဲ့တာပါ အန်တီ့ ကိုလွမ်းတဲ့စိတ်ကိုလေ တစ်ရက်မှ မေ့လို့မရဘူး"

"အန်တီ ... အန်တီ တောင်းပန်ပါတယ် မောင်"

"ဟင့်အင်း .. မတောင်းပန်ပါနဲ့ အန်တီ မောင့် အပေါ်မှာ ဘာအမှားမှမရှိခဲ့ဘူး ဒါကြောင့် တောင်းပန်တဲ့စကားကို မပြောပါနဲ့"

ခက် ဟာ မောင့် ပါးကို တယုတယကိုင်လိုက်လေသည် ။ ထို့နောက် မျက်လုံးချင်းဆုံကြည့်ရင်း ..

"ပြောင်းလဲသွားလိုက်တာ မောင်ရယ် အန်တီ ယုံတောင်မယုံနိုင်ဘူး"

"အန်တီသိလား မောင် လေ သေမင်းဆီရောက်ခဲ့သေးတယ် အန်တီ့ရဲ့ဆွဲအားတွေကြောင့် မောင် အခုလိုအသက်ရှင်နေရတာ အန်တီ က မောင့် အတွက် ရှင်သန်ရာလေးပါ"

မောင် ဟာ ခက် ၏ ပါးပြင်လေးနှစ်ဖက်ကို တယုတယ ကိုင်ပြီးနောက် ခက် ၏ နှုတ်ခမ်းအားညှင်သာစွာ နမ်းရှိုက်လေသည် ။

၈ နှစ်ကြာသည့်တိုင် ခက် ၏ နှုတ်ခမ်းသည် ယခုထိတိုင် ချိုမြိန်နေဆဲပင် ။ မောင့် ၏ လှုပ်ရှားမှူအောက်မှာ ခက် ၏ နှုတ်ခမ်းသည်လည်း အလိုက်သင့် ကစားလေသည် ။

ထိုမြင်ကွင်း ကို ရှူတိုင်းယဉ် သည် တံခါးအကွယ်လေးမှမျက်ရည်များဖြင့်ကြည့်လေသည် ။ မောင် နှင့် ခက်တို့သည် ပြန်တွေ့သွားကြလေသည် ။ သို့သော် ယခုလိုမြန်လိမ့်မည်ဟု ယဉ် မတွေးမိခဲ့ပေ။

ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့သည်မို့ ရုံးခန်းရှေ့မှ ပြေးထွက်သွားလေသည် ။

မိနစ်အနည်းငယ် နမ်းရှိုက်ပြီးနောက် ခက် ဟာ အသိစိတ်ပြန်ဝင်လာသည့်ပုံ မောင့် ကို ဆောင့်တွန်းလိုက်လေသည် ။

Daddy Wife - Season 1 (Completed)Where stories live. Discover now