Part - 26 ( U + Z )

23.1K 1.1K 42
                                    

Unicode

လွန်ခဲ့သော ၆ နှစ်ခန့်က .....

"သမီးလေး..."

သမီးလေး ဟု ခေါ်သံကြောင့် မောင့် ခြေလှမ်းတွေရပ်တန့်သွားလေသည် ။ မျက်နှာစိမ်းအမျိုးသမီးသည် မောင့် ကိုတွေ့သည်နှင့် သမီးလေးဟုခေါ်ဆိုလေသည် ။

"အန်တီကဘယ်သူလဲ မောင့်ကိုသိလို့လား"

"သိတာပေါ့ သမီးရယ် မာမီ့ သမီးလေးကို မာမီကသိပ်သိတာပေါ့"

"ဗျာ!!"

"သမီး နားမလည်ဘူးထင်တယ် မာမီ က သမီးလေးကို လိုက်ရှာနေခဲ့တာပါ"

"တစ်ဆိတ်လောက်ဗျာ မောင် ဘာမှနားမလည်ဘူးဖြစ်နေတယ် ဒယ်ဒီ ပြောတော့ မောင့် မာမီက မီးတွင်းထဲဆုံးသွားတာတဲ့"

ဦးမာန်ထက် ဟာ မုသားစကားများဖြင့် မောင့်ကို လိမ်ညာခဲ့လေသည် ။ ထိုစကားကြောင့် ဒေါ်ကျော့ကေသီ သည် မျက်မှောင်ကြုံ့လေသည် ။

"သမီး အားရဲ့လား အဖြစ်မှန်တွေအားလုံးကို မာမီရှင်းပြချင်လို့ပါ"

"ဟို အခုက မောင့် အလုပ်ချိန်ဖြစ်နေလို့ အဲ့ဒါ.."

"မာမီ နားလည်ပြီ သမီး ဒါမာမီ့ဖုန်းနံပါတ်ပါ သမီးအားတဲ့တစ်ရက် မာမီတို့ အေးဆေးတွေ့ကြပြီး အကြောင်းစုံရှင်းပြချင်ပါတယ်"

"ဟုတ်ကဲ့ပါ မောင် ဆက်သွယ်လိုက်ပါမယ်"

"မာမီ မျှော်နေမယ်နော် သမီး"

"ဟုတ်ကဲ့"

ဒေါ်ကျော့ကေသီ ဟာ မောင့် ကိုကျောခိုင်းပြီး ကားပေါ်သို့တက်သွားလေသည် ။ ဒေါ်ကျော့ ပေးခဲ့သည့် ဖုန်းနံပါတ်လေးကို ကိုင်ရင်း မောင် ဟာကော်ဖီ ဆိုင်ထဲသို့ ပြန်ဝင်လာလေသည် ။

"ဘယ်သူလဲ မော်"

သူငယ်ချင်းဖြစ်သူ အဲလက်စ် ၏အမေးကို မဖြေသေး မောင်ဟာ ထိုင်ခုံပေါ်တွင်ထိုင်ကာ ဖုန်းနံပါတ်အားကြည့်လေသည် ။ ထို့နောက်..

"မာမီတဲ့"

"What!!"

"သူ့ကိုယ်သူမာမီတဲ့ ငါက သူ့သမီးတဲ့ နားမလည်တော့ဘူး ဒယ်ဒီပြောတော့ မာမီက မီးတွင်းထဲမှာဆုံးသွားခဲ့ပြီတဲ့ အခုကျတော့ မာမီက ပေါ်လာတယ် ဘာတွေလဲနားမလည်တော့ဘူး အဲလက်စ်ရာ.."

Daddy Wife - Season 1 (Completed)Where stories live. Discover now