Part - 31 ( U + Z )

22.5K 1.2K 155
                                    

Unicode

ဘုရားရေ ... !! ဒါ ငါ့ကို မောင် လုပ်ပြတဲ့ပုံစံပဲ ။

လွမ်းမဂ္ဂမောင် က မော်ဖူးမောင် လား ။

"အန်တီ ... စားလေ မောင့် ကိုပဲကြည့်မနေပါနဲ့"

မောင် ၏ ရုတ်တရက်ပြောလာသည့် စကားကြောင့် ခက် ဟာမျက်လုံးပြူးရသလို ဦးမာန်ထက် သည်လည်း အတော်လေးကြောင်အမိသွားလေသည်။

"အာ .. ဆောရီးပါဗျာ တစ်ကယ်တော့ ဒေါက်တာမြမှူးခက် ကိုတွေ့တော့ အမေရိကားမှာကျန်ခဲ့တဲ့ကျွန်တော့်အဒေါ်ကိုသတိရမိပြီး ပြောမိလိုက်တာပါ စိတ်မရှိပါနဲ့နော်"

"ဟုတ်ကဲ့ ရပါတယ်"

"ကျွန်တော် တောင်းပန်ပါတယ် ဦးမာန်ထက်"

"ရပါတယ်ဗျာ ပြဿနာမရှိပါဘူး ဒါနဲ့ ဒီအပေါ်ထပ်မှာ ကျွန်တော်တို့ တစ်ဝိုင်းထဲရှိတယ်နော်"

"ဟုတ်တယ်ဗျ .. ကျွန်တော်ကလူရှုပ်နေရင်မကြိုက်ဘူးလေ ဒါကြောင့် အပေါ်ထပ်ကို တစ်ရက်စာဌားလိုက်တာ"

"ကောင်းပါတယ် လွတ်လွတ်လပ်လပ်နဲ့ အေးဆေးနေလို့ရတာပေါ့"

ထိုနောက် လေးဦးသား စားလက်စများကို စားပြီးမကြာမှီ အပေါ်ထပ်စားသောက်ခန်းရှိ စတိတ်ဆင်ပေါ်သို့ အိင်္ကျီအနက် ဘောင်းဘီအနက်နှင့် ဦးထုတ်အနက်ဆောင်းထားသည့် သူတစ်ဦး တက်လာလေသည် ။

"မင်္ဂလာပါ ဒီနေ့ ဒီအပေါ်ထပ်မှာ တည်ခင်းနေတဲ့ ဧည့်သည်တော်တွေကို သီချင်းလေးနဲ့ဖျော်ဖြေချင်ပါတယ် နားသောတဆင်ပေးကြပါ"

ယောက်ျားတစ်ဦး၏ အသံဖြစ်သောကြောင့် ခက် နှင့် ဦးမာန်ထက် သည် စိတ်ဝင်စားဟန် မတူ ။ ဦးမာန်ထက် ဟာ မောင် နှင့် အလုပ်အကြောင်း ဆွေးနွေးနေသလို ခက် သည်လည်း သျှင်းခက် ကို ပါစတာ ခွံ့ကျွေးနေလေသည် ။

~ မေ့ပစ်လိုက်ပါဆိုလဲ ရင်ခုန်နေတယ် နှလုံးသားမှာ
မြင်ရဲ့လား မင်းအမည်လေးသာ ~

ရုတ်တရက်ထွက်ပေါ်လာသော သီချင်းဆိုသံကြောင့် ခက် ၏ လက်တွေသည် လေထဲတွင်ရပ်တန့်သွားလေသည် ။

~ မုန်းပစ်လိုက်ပါဆိုလဲ ဒဏ်ရာတွေနဲ့နာကျင်နှလုံးသား
ဒီလိုအကြင်နာတွေကို ဟန်ဆောင်မရတာ ~

Daddy Wife - Season 1 (Completed)Where stories live. Discover now