Part - 7 ( U + Z )

27.9K 1K 126
                                    

Unicode

"မြမှူးခက်!! ညည်း ငါ့ကို ကလန်ကဆန်မလုပ်နဲ့နော်!"

"မလုပ်ပါဘူးမေမေ မလုပ်ရဲပါဘူး ကြောက်ပါတယ် ကိုယ်မွေးထားတဲ့သားသမီးကို ငါခိုင်းတာလုပ် ငါကျွေးတာစား ငါထားသလိုနေ ငါစေရာသွားလို သတ်မှတ်ထားရင် မေမေ ခက် ကိုမမွေးခဲ့သင့်ဘူး ခွေး မွေးခဲ့ရမှာ"

"မြမှူးခက်!!!"

~ ဖြန်း ~

အားပါပါရိုက်ချလိုက်သော ဒေါ်သီတာ ၏လက်ဝါးကြောင့် ခက် လဲကျသွားလေသည်။ လက်ဝါးရာ ထင်သွားသော ဘယ်ဘက်ပါးပြင်အားကိုင်ရင်း မျက်ရည်စများဖြင့် ဒေါ်သီတာ အားကြည့်ကာ

"မေမေကခက်ကိုရိုက်တယ်ပေါ့ ဒီလူကြောင့် မေမေ ကရိုက်တယ် ပေါ့လေ"

"ညည်းငါ့စကားကိုနားထောင်ရင် ငါရိုက်မှာမဟုတ်ဘူး"

"မေမေ ပြောခဲ့တဲ့စကားကိုပဲ ခက် ပြန်ပြောမယ် မေမေ ဦးမာန်ထက်နဲ့အတင်းလက်ထပ်ပေးရင် ခက် အလောင်းကို မေမေ ကောက်ရမယ်"

ထိုစကားပြောပြီးသည်နှင့် ခက် အိမ်ပေါ်သို့ ပြေးတက်သွားလေသည်။ အခန်းတံခါးအားလော့ချကာ ရေချိုးခန်းထဲသို့ ဝင်ပြီးနောက် ရေပန်းအောက်တွင် ငုတ်တုတ်ထိုင်ကာ အားပါးတရ ငိုချလိုက်လေသည်။

ဒေါ်သီတာ ယခုလိုအတင်းအကြပ်စီစဉ်နေသည်ကို ခက် နားမလည်နိုင်ပေ ။ ငယ်ငယ်လေးထဲက ဒေါ်သီတာ အလိုကျနေထိုင်လာခဲ့သည့် ခက် သည်ယခု သူမ၏ အိမ်ထောင်ရေးကိုတော့ လွတ်လပ်စွာ ရွေးချယ်ချင်သည်။

ခက် ထိုင်နေသည်မှာအတော်ပင်ကြာသည် ခန္တာကိုယ်အေးစက်လာပြီး မျက်ဝန်းများနီရဲလာလေသည်။ ကိုယ်အပူရှိန်သည် တစ်ဖြေးဖြေးမြင့်တက်လာသည်။ ဖျားတော့မည် ဆိုတာ ခက် ကိုယ်တိုင်သိလေသည်။

ထိုင်နေရာမှထကာ ခက် ခွေကျသွားလေသည်။ ၃ နာရီနီးပါးထိုင်နေသည့် အတွက်ခြေထောက်တွေလည်း နာကျင်လွန်းလှသည်။ အားယူကာ နောက်တစ်ကြိမ်ကြိုးစားသော်လည်း တစ်ဖန် လဲကျပြန်သည်။

မျက်ဝန်းများလေးလံလာပြီး အိပ်ချင်နေမိသည်။ ခန္တာကိုယ်တစ်ခုလုံးသည် ကိုင်ရိုက်ထားသလိုပင် နာကျင်လွန်းသောကြောင့် မလှုပ်နိုင်။

Daddy Wife - Season 1 (Completed)Where stories live. Discover now