Part - 23 ( U + Z )

23.5K 1.2K 86
                                    

Unicode

"အဆင်ပြေရဲ့လား ဦးမာန်ထက်"

"ဟုတ်ကဲ့ ကျွန်တော် အဆင်ပြေပါတယ်"

"ဒါဖြင့် ကျွန်တော့်ကိုခွင့်ပြုပါဦး အရေးကြီးကိစ္စလေးရှိလို့"

"ဟုတ်ကဲ့ နောက်တစ်ခေါက်မှအေးဆေး စကားပြောကြတာပေါ့ဗျာ အားနာလိုက်တာ"

"ရပါတယ်ဗျာ အလျှင်မလိုပါနဲ့ အေးဆေးပေါ့"

မဂ္ဂ ထွက်သွားပြီးနောက် ဦးမာန်ထက် သည် ဆိုဖာပေါ်တွင်ပြန်ထိုင်လိုက်လေသည် ။ သူ့ထံသို့ ဖုန်းဆက်သည့် အမျိုးသမီး
မောင့် အသံနှင့်တူသည် ။

"ဟက်! သေချာစဉ်းစားပါဦး ဒယ်ဒီရယ် အန်တီ က မောင့် အပိုင်အရင်ဖြစ်ခဲ့တာပါ စောင့်နေ ဒယ်ဒီ မောင် ပြန်လာပြီး ဒယ်ဒီ့ လက်ထဲကနေ အန်တီ့ ကို ပြန်လုယူမှာမို့လို့ မောင် ပြန်လာမယ့် တစ်နေ့ကို ဒယ်ဒီ စောင့်နေပါ"

မောင် နောက်ဆုံးပြောသွားသည့် စကားကို ပြန်ကြားယောင်နေသည် ။ သူကိုယ်တိုင် မောင့် အလောင်းကိုအတည်ပြုခဲ့သည် ။ သဂြိုလ်ပေးခဲ့ပြီးပြီ ယခု မောင် ဟာ မသေသေးဘူးလား ။

ထိုစဉ် ခေါင်းထဲ ရောက်လာသည်မှာ မြမှူးခက် ။ မောင် မသေသေးဘူးဆိုတာ ခက် သိလို့မဖြစ် ။ ၄ နှစ်နီးပါး မောင့် ကို မေ့အောင် ဦးမာန်ထက် ကြိုးစားခဲ့ရသည် ။

မဂ္ဂ ရုံးခန်းထဲမှာ ထွက်လာပြီးနောက် မဲ့ပြုံးပြုံးကာ နံပါတ်တစ်ခုအားခေါ်ဆိုလေသည် ။

"တော်တယ် ကင်မ် စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်မယ်"

^^^
Suzuki Ertiga model 2020 အဖြူရောင်ကားလေးသည် ရန်ကုန်မြို့ လှည်းတန်းလမ်းမကြီး အတိုင်းမောင်းနှင်လာသည် ။ မြန်မာပြည်သို့ နှစ်အတော်ကြာသည်အထိ မရောက်သည့် ယဉ့် အတွက်တော့ ကားလမ်းကြောမသိသေးပေ။ မဂ္ဂ မှ ဒရိုင်ဘာတစ်ဦး စီစဉ်ပေးထားသည့် အတွက် ယဉ့် အတွက်အတော်လေးအဆင်ပြေလှသည် ။

ကချင်ချိတ် ကြက်သွေးရောင် ကိုဝတ်ဆင်ထားသည့် ဒေါ်ရှုတိုင်းယဉ် သည် ပုရိသယောက်ျားသားများကို ဖမ်းစားနိုင်လွန်းသည် ။ ယဉ် ၏ အဖြူရောင်ကားလေးသည် Royal Asia ဆေးရုံကြီးတွင်ရပ်တန့်လိုက်လေသည် ။

Daddy Wife - Season 1 (Completed)Where stories live. Discover now