Part - 16 ( U + Z )

26.9K 1K 380
                                    

Unicode

ဦးမာန်ထက် နှင့် ခက် တို့သည် ဟန်းနီးမွန်းမှပြန်ရောက်လာခဲ့ကြသည်။ ခက်၏ အမေ ဒေါ်သီတာ သည်လည်း ဦးမာန်ထက် အိမ်တွင်လိုက်နေလေသည်။ မိခင်တစ်ဦးထဲကျန်ခဲ့မည်ကို ခက် စိတ်မချ၍ အတူနေရန်ခေါ်ခြင်းဖြစ်သည်။

ခက် ဆေးရုံ အသွားအပြန်ကို ဦးမာန်ထက် ကိုယ်တိုင်လိုက်ပို့လေသည်။ ခက် ထိုအိမ်ကြီးကို ရောက်သည်နှင့် မောင် ဟာအတော်လေး ပြောင်းလဲလာသည်ဟုဆိုရမည်။

ခက် အိမ်မှာရှိနေလျှင် မောင် ဟာအခန်းထဲမှထွက်မလာ။ ခက် ဆေးရုံမသွားမှီ မောင်ဟာ ကုမ္မဏီ ထွက်သွားလေသည်။ ခက် ပြန်မရောက်ခင် မောင်ဟာ ကုမ္မဏီမှ ရောက်နှင့်လေသည်။

ခက် ရောက်လာသည့်နေ့မှစ မောင့် မျက်နှာကို ယခုအချိန်ထိမတွေ့ရသေးပေ။ သတိရတာပေါ့ ခက် တစ်ချိန်ကချစ်ခဲ့သည့် ထိုမိန်းကလေးကို သို့သော် မဖြစ်နိုင်တော့ပေ။

အချိန်သည်ကား ည ၁၀ နာရီခန့်ရှိလေသည်။ မောင်သည် ယနေ့တွင်တော့ ဘားတစ်ခုသို့ရောက်နေလေသည်။ ခက် ကိုမေ့ရန်အတွက် မောင် လိုအပ်သည်မှာ မူးယစ်စေသည့်အရာများပင်။

အရက်ခွက် အားကိုင်ကာ တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေသည့် မောင်သည် ဘားထဲရှိ မိန်းကလေးများ၏ အာရုံကိုဖမ်းစားစေသည် ။

"မောင်.."

ခေါ်သံကြောင့် မောင် ခေါင်းထောင်ကြည့်ရာ ချစ်ရိပ်ဝေ ဖြစ်နေလေသည်။ မောင့် ကိုပြုံးရင်းကြည့်နေလေသည်။

"မမ"

"မမ မောင့်ကိုကြည့်နေတာကြာပြီ ဘာလို့ဒီလောက်အများကြီးသောက်နေရတာလဲမောင်ရယ် ကျန်းမာရေးထိခိုက်တာပေါ့"

ဒီစကားဟာ တစ်ချိန်က ခက် ပြောခဲ့သည့်စကား ။ ခက် ၏အသံကို မောင် ပြန်ကြားယောင်မိပြန်ပြီ ။ တစ်ဆက်ထဲမှာပင် မျက်ဝန်းအိမ်ဝေဝါးလာပြီး မျက်ရည်ကျလာမိသည်။

"မောင် .. ! မောင် ငိုနေတယ် မမကိုပြောပါမောင် မမ ဘာကူညီပေးရမလဲ"

"မမ သိလား မောင် ရင်ဘတ်ကြီးတစ်ခုလုံးကွဲထွက်သွားပြီ ။ မောင့်ရဲ့မျှော်လင့်ချက်တွေ မောင် မက်ခဲ့တဲ့အိမ်မက်တွေ မောင် တောင်းတခဲ့ရတဲ့ မိသားစုဘဝလေး ချစ်တဲ့သူလက်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်လို့ရည်ရွယ်ထားခဲ့တယ် ။ အန်တီ့ရဲ့ မျက်နှာလေးကိုကြည့်ပြီး အတူတူနိုးထချင်ခဲ့တဲ့ အိမ်မက် ။ ပျက်ဆီးသွားပြီ မမ ။ နာတယ် မမရယ် .. မောင့်ရင်ဘတ်ကြီးထဲကနာတယ်"

Daddy Wife - Season 1 (Completed)Where stories live. Discover now