Part - 8 ( U + Z )

27.6K 1K 113
                                    

Unicode

"မ .. မဟုတ်ပါဘူး မေမေ ခက် ရှင်းပြတာနားထောင်ပါဦး"

"မောင်ထက် နေပြည်တော်ကပြန်ရောက်တာနဲ့ သူနဲ့အမြန်ဆုံးလက်ထပ်ရမယ် ညည်းငါ့ကို ကလန်ကဆန် လုပ်ဖို့မစဉ်းစားနဲ့ ညည်းရော အဲဒီ့ ကောင်မလေးရော နှစ်ယောက်လုံး အရှက်ကွဲသွားမယ် သီတာခက် ကို စိန်ခေါ်ချင်ရင် စမ်းကြည့်လိုက်စမ်း!!"

"ဟင့်အင်း! ခက် သူ့ကိုလက်မထပ်နိုင်ဘူးနော် မေမေ ခက် ကိုအတင်းအကြပ်မလုပ်ပါနဲ့"

"မြမှူးခက်!! ညည်းကငါ့ကိုစမ်းချင်နေတာလား ငါတို့မျိုးရိုးထဲမှာ အခြောက်မပါဘူးနော် ညည်းတစ်ယောက်တည်း ဂျိုပေါက်ပြီး ခြောက်နေတာ"

"ဟင့်အင်း! ခက် ခြောက်နေတာမဟုတ်ဘူး မေမေ ခက် နှလုံးသားက မိန်းကလေးတစ်ယောက်ကို လက်ခံလိုက်မိတာ ခက် ရဲ့ဖြစ်တည်မှုကို ခက် တန်ဖိုးထားတယ်"

"ညည်း တန်ဖိုးထားပေမယ့် ပတ်ဝန်းကျင်က တန်ဖိုးမထားဘူးဟဲ့! သီတာခက် ဆိုတဲ့ငါက နာမည်တစ်လုံးနဲ့နေလာတာ ငါ့ရဲ့ ဂုဏ်သိက္ခာ ညည်းရဲ့ ဂုဏ်သိက္ခာ ညည်းကဆေးရုံအုပ်နော် စျေးရောင်းစားနေတာမဟုတ်ဘူး ညည်းရဲ့လက်အောက်မှာ ဆရာဝန်လေးတွေရှိတယ် nurse မလေးတွေရှိတယ် ကဲ့ရဲ့ကြမှာ မရှက်ဘူးလား မြမှူးခက်!!"

"မရှက်ဘူး မေမေ ခက် မောင့်ကိုချစ်တယ် မောင့်ကို မခွဲနိုင်ဘူး ဘယ်သူတွေကဲ့ရဲ့ပါစေ ခက် မောင့်ကိုပဲ လက်တွဲသွားမှာ ပတ်ဝန်းကျင်ဆိုတာ ချီးမွန်း ၇ ရက် ကဲ့ရဲ့ ၇ ရက်ပါမေမေ အချိန်တန်ရင် သူတို့တွေ အလိုလိုမောသွားကြမှာပါ"

ဒေါ်သီတာ သက်ပြင်းချမိသည်။ သူမ ဘယ်လိုပြောပြော နားဝင်မည်မဟုတ်။ အကြမ်းနည်းမရလျှင် အနုနည်းပြောင်းသုံးရမည်။

"သမီး သဘောပါ မေမေ က သမီးကို လင်ကောင်းသားကောင်းရစေချင်တယ် မေမေ မသေခင်လေးတော့ ငါ့ သမီးကို စိတ်ချသွားစေချင်တယ် သမီး ကြိုက်ရာလုပ်ပါ မေမေ မတားတော့ပါဘူး"

ထို စကားကြောင့် ခက် စိုးရိမ်မိသည်။ သူမ အပေါ် မနူးညံ့ဖူးသည့် မိခင်သည် ယခု သူမကို နူးညံ့လာလေသည်။ မသေခင် ဆိုသည့် စကားကိုလည်း ခက် စိတ်ထဲ ဘဝင်မကျပါ။

Daddy Wife - Season 1 (Completed)Where stories live. Discover now