Part - 10 ( U + Z )

27.6K 918 139
                                    

Unicode

ခက် ကားပေါ်တွင်ထိုင်နေသော်လည်း ချစ်ရိပ်ဝေ နှင့်ပြောခဲ့သည့်စကားများ ပြန်ကြားယောင်နေမိသည်။ တစ်ဖက်တွင် ကားမောင်းနေသည့် မောင့် အားကြည့်ရင်း ခက် သက်ပြင်းသာချနေမိသည်။

"အချစ် သက်ပြင်းတွေကြီးချနေပါလား ဘာဖြစ်လို့လဲ"

"ချစ်ရိပ်ဝေ ဆိုတဲ့ ကောင်မလေးကို အန်တီ သဘောမကျဘူး မောင်"

"မမ က ဘာဖြစ်လို့လဲ အန်တီရဲ့"

မမ ဟုခေါ်သံကြောင့် ခက် မျက်မှောင်ကြုံ့လိုက်မိသည်။

"မမ! မမ! မမ! မင်းက ကုမ္မဏီမှာ အထက်လူကြီးတစ်ယောက်နော် မော်ဖူးမောင်! ကိုယ့်လက်အောက်ဝန်ထမ်းတစ်ယောက် ကို မမ လို့ခေါ်တာ မင်းအတွက် မသင့်တော်ဘူးနော်"

မောင် ကားအားလမ်းဘေးသို့ ထိုးရပ်လိုက်လေသည်။ ဒီမနက်လည်း ဒယ်ဒီ နှင့် ထိုကိစ္စကိုပြောခဲ့ပြီးပြီ ။ ယခု အန်တီ ကပါထပ်ပြီး နားပူနာဆာ လုပ်ပြန်သည်။

"ကျစ်! အန်တီရယ် မမ က မောင် တို့ကျောင်းမှာထဲက စီနီယာလေ ပြီးတော့ အရမ်းခင်ခဲ့ကြတာ"

"အရမ်းခင်ခဲ့တာ ဟုတ်လား! ရည်းစားဟောင်းတွေ မဟုတ်ဘူးလား!!"

ခက် ၏စကားအဆုံး မောင် မျက်လုံးပြူးသွားလေသည်။ ရည်းစားဟောင်းဟု မောင် မပြောခဲ့ပေ။

"အန်တီ! အန်တီ ဘယ်လိုသိတာလဲ"

"ဟင်း! မင်းရဲ့ မမ ကိုယ်တိုင်ပြောခဲ့တာလေ"

"ဗျာ!!"

မောင် ထပ်မံ၍ အံ့ဩရလေသည်။ အရင်က ရည်းစားဟောင်း ဖြစ်ခဲ့ဖူးပေမယ့် ယခု တော့ ချစ်ရိပ်ဝေ အပေါ် ခံစားချက် မရှိ ။ 
ခက် အထင်လွှဲမှာ မောင် ကြောက်သည်။ မောင် သည် ခက် ကိုချစ်သည်။

"အန်တီ မောင့် ကိုကြည့်"

ခက် ၏ လက်နှစ်ဖက်အား မောင် အသာလေးကိုင်ကာ ခေါ်သော်လည်း ခက် သည် မောင့် ဘက်သို့လှည့်မလား ကားမှန်အပြင်ကိုသာငေးနေလေသည်။

ခက် ၏ မေးဖျားလေးကို မောင် လှမ်းကိုင်ကာ သူမ ဘက်သို့ ဆွဲလှည့်လိုက်လေသည်။ ခက် ၏ မျက်ဝန်းတွင် မျက်ရည်စများ တွေ့လိုက်ရသည်။

Daddy Wife - Season 1 (Completed)Where stories live. Discover now