Part - 42 ( U + Z )

27.3K 1.1K 237
                                    

Unicode

"ဦးမာန်ထက်!! ခင်ဗျား ကို မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု ။ ချစ်ရိပ်ဝေ ကို သတ်ပြီး အလောင်းဖျောက်ဖျက်မှုတို့နဲ့ အရေးပေါ်ဖမ်းဆီးပါတယ်"

ရဲတွေသည် ဦးမာန်ထက် ကိုဖမ်းဆီးမည်အပြု ဦးမာန်ထက်သည်အနီးရှိ ဝိုင်ခွက်အား စားပွဲခုံနှင့် ရိုက်ခွဲကာ ကွဲသွားသော ဖန်ကွဲစအားလှမ်းယူ၍ ဒေါ်ကျော့ကေသီ လည်ပင်းကို ထောက်လိုက်လေသည် ။

"ငါ့အနားကိုကပ်မလာနဲ့!!! ဒီကောင်မသေသွားမယ်!!"

"မာမီ!!! ဦးမာန်ထက် ကျုပ် အမေကိုလွှတ်လိုက်!!!"

ရုတ်တရက်ဖြစ်ပေါ်သွားသည့် ပြဿနာများကြောင့် ရှယ်ယာရှင်များနှင့် ဝန်ထမ်းများမှာ ခပ်မြန်မြန်ပြန်ကုန်ကြသည် ။ ခြံထဲတွင်တွင် ရဲတပ်သားများနှင့်အတူ မောင် နှင့် ခက် တို့မိသားစု သာရှိကြလေတော့သည် ။

"မော်ဖူးမောင်!! နင်ကမသေဘူးပဲ!!"

"ဟုတ်တယ်!! ကျုပ်မသေဘူး!! ခင်ဗျားကို အပြစ်ပေးဖို့အတွက် ကျုပ်သေလို့ဘယ်ဖြစ်မလဲ ကျုပ်သေလို့မရဘူးလေ!!"

"ငါကမြွေပွေးကို ခါးပိုက်ပိုက်မိလိုက်တာပဲ! မင်းတို့ဖမ်းတိုင်းငါကအဖမ်းခံစရာလား! ဒီအခြေအနေအထိရောက်အောင် ငါဘယ်လိုရပ်တည်ခဲ့ရသလဲ! ငါ့အနားကိုတစ်ယောက်မှ မကပ်နဲ့! ဒီကောင်မ သေသွားမယ်"

"ကိုမာန်ထက်!! ရှင့်လက်က ဖန်ခွဲစကိုချလိုက်ပါ အေးဆေးအဖမ်းခံလိုက်ပါရှင်!"

ခက် ၏ အော်သံကြောင့် ဦးမာန်ထက် သည် ခက် ထံသို့ အကြည့်ရောက်သွားသည် ။

"ခက်!! ဒီကောင်က မော်ဖူးမောင်ပဲ!! ကိုယ်တို့ကို တမင်ချဉ်းကပ်ခဲ့တာ!!"

"အေးဆေးအဖမ်းခံလိုက်ပါ ကျွန်မတောင်းပန်ပါတယ်"

"ကို အဖမ်းမခံနိုင်ဘူး! ကို ဘာမှမကျူးလွန်ခဲ့ဘူး မူးယစ်ဆေးဝါးက ကို နဲ့လဲမဆိုင်ဘူး! ချစ်ရိပ်ဝေ သေရတာလဲ ကို့ကြောင့်မဟုတ်ဘူး! သူတို့ကို့ကို သက်သက်ချောက်ချတာ!"

ထိုသို့ပြောရင်း ဦးမာန်ထက် သည် ဒေါ်ကျော့ကေသီ ကို လည်ပင်းတွင် ဖန်ကွဲစထောက်လျှက် ကားနားသို့ ကပ်သွားလေသည် ။

Daddy Wife - Season 1 (Completed)Where stories live. Discover now