Part - 36 ( U + Z )

21.3K 1K 74
                                    

Unicode

"သား!!"

"ပြောလေ မာမီ"

"မနက်က ယဉ် ဆေးရုံသွားတယ်မဟုတ်လား သား"

"သွားတယ်လေ မာမီရဲ့ဘာဖြစ်လို့လဲ"

"မာမီ အခု ယဉ့် ဆီကိုလာတာ ယဉ် ဆေးရုံမှာမရှိဘူး မနက်ထဲကရောက်မလာတာတဲ့"

"ဗျာ!! ဟုတ်ရဲ့လား မာမီရယ်"

"ဟုတ်တယ် သားရဲ့ အခုလေးတင် မာမီ nurse မလေးတွေကိုသေချာမေးပြီးပြီ"

"ဟုတ်ပြီ မာမီ မောင် အခုချက်ချင်းရှာလိုက်မှာမို့လို့ စိတ်ကိုအေးအေးထားနော်"

ဒေါ်ကျော့ နှင့် ဖုန်းပြောပြီးနောက် မောင် သည် Laptop ဖြင့် ယဉ် ရှိသည့်နေရာကို ခြေရာခံလေသည် ။ ယဉ့် မွေးနေ့တွင် ပေးထားသည့် နာရီတွင် GPS ထည့်သွင်းပေးထားတာကြောင့် မောင် ဟာ ယဉ့် ကို အလွယ်တကူ ရှာဖွေနိုင်သည်။

"ကင်မ်!! ဒီလိပ်စာအတိုင်းမောင်း! မြန်မြန်လေးမောင်း!!"

"ဟုတ်ကဲ့!! Boss!!"

မောင် ပေးသည့် လိပ်စာအတိုင်း ကင်မ် သည် ကားကို အရှိန်တင်ကာ ယဉ် ရှိသည့်နေရာသို့ နှစ်ဦးသား ထွက်ခွါလာကြသည် ။

လေးလံသောမျက်ခွံတွေကို အားယူရင်း ယဉ် သတိရလာလေသည် ။ နှာခေါင်းထဲတွင် အရက်နံ့ကြောင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ

"ကိုထွဋ်ခေါင်!!! ရှင်! ရှင် ဒါဘာလုပ်တာလဲ"

"ယဉ် .. နိုးလာပြီလား ကို ယဉ့် ကို စောင့်နေတာ"

ယဉ့် လက်နှစ်ဖက် အား ကုတင်ဖြင့် ချည်နှောင်ထားလေသည် ။ ထွဋ်ခေါင်သည် Gold Label ကို ဇိမ်ဖြင့်ထိုင်သောက်ရင်း ယဉ့် ကို တဏှာမျက်လုံးဖြင့် ကြည့်လေသည် ။

"ကျွန်မကိုလွှတ်ပေးပါ ကိုထွဋ်ခေါင်!!"

"ယဉ် ရယ် ကို ယဉ့် ကိုပိုင်ဆိုင်ချင်တယ် ကို ယဉ့် ကိုတစ်ကယ်ချစ်တာပါ"

ပြောရင်း ထွဋ်ခေါင် သည် ယဉ် ရှိရာ ကုတင်သို့ တစ်ဖြေးဖြေးလျှောက်လာသည် ။

"ရှင် !! ရှင် ရှေ့တိုးမလာနဲ့နော်"

"ဟား ဟား ဟား"

Daddy Wife - Season 1 (Completed)Where stories live. Discover now