Part - 21 ( U + Z )

23.6K 1.1K 138
                                    

Unicode

~ ဖြန်း!! ~

"ခက်!!!"

"လူယုတ်မာ!! ကျွန်မကို အခုချက်ချင်းကွာရှင်းပေး!!"

"ဘာ!! ကွာရှင်းပေးရမယ်!"

"ဟုတ်တယ်! ရှင့်လိုအောက်တန်းကျတဲ့သူနဲ့ကျွန်မဆက်မပေါင်းနိုင်တော့ဘူး! အခုချက်ချင်းကွာရှင်းပေး!!"

"မကွာပေးနိုင်ဘူး မြမှူးခက်! ငါကမင်းကို ကွာဖို့ယူထားတာမဟုတ်ဘူး"

ခက် သည် သူမထံသို့ အမြန်ချောပို့နှင့်ရောက်လာသည့် စာအိတ်အား စားပွဲပေါ်မှယူလျှက် ဦးမာန်ထက်၏ မျက်နှာတည့်တည့်သို့ပစ်ပေါက်လိုက်လေသည် ။

"ရှင့်မျက်လုံးနဲ့ရှင်သေချာကြည့်!!"

အောက်သို့ ကျသွားသည့် စာအိတ်အား ဦးမာန်ထက်လှမ်းကောက်ပြီး ဖွင့်ကြည့်လိုက်ရာ

"ခက်! ကို .. ကိုရှင်းပြမယ် ဒါကလေ တစ်ကယ်တော့"

"တော်တော်အောက်တန်းကျတဲ့လူ ရှင့်ကိုကျွန်မယုံခဲ့တာ မလုပ်လောက်ပါဘူးလို့ထင်ခဲ့တာ ရှင်ကအဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ပဲ"

ဒေါ်သီတာ ၏ ခက် ကော်ဖီခြံသည် တစ်ချိန်က မူးယစ်ဆေးဝါးများဖြင့် ရောင်းရောင်းချနေသည့် သက်သေ အထောက်အထားများဖြစ်သည် ။ ဒါကို ဘယ်သူပို့သလဲ ဦးမာန်ထက် စဉ်းစားမရပေ။

"မဟုတ်ပါဘူး ခက်ရယ် အဲ့တုန်းက ကို အကုန်ရှင်းခဲ့တာပါ ဒါကဘယ်လိုကျန်ခဲ့လဲ ကို တစ်ကယ်မသိတာပါ"

"ရှင် သိမ်းထားလို့ ကျန်နေခဲ့တာပေါ့ ဘာလဲ..! ရှင်က ကျွန်မကို အဲ့ဒီသက်သေတွေနဲ့ ခြိမ်းခြောက်ပြီး နောက်ထပ်တစ်ခါ..."

"မြမှူးခက်!!! တော်လိုက်တော့ ငါ့ဒေါသကို မင်းမဆွနဲ့ ကျန်ခဲ့တာလို့ငါပြောပြီးပြီပဲ"

"ဟက်! ကျန်ခဲ့တာတဲ့လား သက်သေအပြည့်အစုံပဲနော် ရွံဖို့ကောင်းတဲ့သူ ရှင် နဲ့ မောင် နဲ့ကစိတ်ဓာတ်ချင်းကွာတယ်"

"ဘာ!!!!!! မြမှူးခက်!!! မင်း ဘာပြောလိုက်တယ်! ပြန်ပြောလိုက်စမ်း"

"ရှင် နဲ့ မောင် နဲ့က စိတ်ဓာတ်ချင်းကွာတယ် မောင့်မှာ အဲ့လိုအောက်တန်းကျတဲ့စိတ်ဓာတ်မရှိဘူး!"

Daddy Wife - Season 1 (Completed)Where stories live. Discover now