Part - 28 ( U + Z )

22.3K 1.2K 133
                                    

Unicode

"မောင်.."

ဒေါ်ကျော့ကေသီ အခန်းထဲမှ ပြေးထွက်လာသည့် မောင့် ကို ယဉ် ဟာ အနောက်မှလှမ်းခေါ်လေသည်။ ခေါ်သံကြောင့် ရပ်တန့်သွားသည့် မောင့် အနားသို့ သွားပြီး​နောက်...

"တို့တွေမောင်းထုတ်ခဲ့တာမဟုတ်ပါဘူး မောင် .. သူကိုယ်တိုင်ထွက်သွားတာပါ"

"ဘာပဲဖြစ်ဖြစ် အန်တီယဉ် တားသင့်တယ်မဟုတ်လား"

"တို့ ဘယ်လိုတားရမလဲမောင်ရယ် တို့ကအိမ်ရှင်မှမဟုတ်ပဲ"

"ကျစ်!! မမိုက်ဘူးဗျာ"

မောင် ဟာ စိတ်ပျက်စွာဖြင့် အိမ်ထဲမှပြေးထွက်သွားပြီးနောက် ကားအားအရှိန်တင်ကာ ခြံထဲမှမောင်းနှင်သွားလေသည် ။

အိမ်တွင်ကျန်ခဲ့သော ရှူတိုင်းယဉ် သည် မောင့်ကိုကြည့်ကာ သက်ပြင်းချနေမိသည် ။ ယဉ် ဟာ မောင့်ကို ဒုတိယအကြိမ်ထပ်မံပိုင်ဆိုင်ချင်သေးသည်။ ညို နှင့် တူသည့်မောင့်ကို ပြန်လည်ပိုင်ဆိုင်ချင်ပါသည်။

"မောင်ရယ် ... မင်း အခုလိုတွေဖြစ်နေရင် တို့ .. တို့ လူဆိုးမကြီးဖြစ်သွားလိမ့်မယ်"

လေလံနေသောခြေလှမ်းများဖြင့် ယဉ် သည် သူမ၏အခန်းထဲသို့ဝင်သွားလေသည်။ ထို့နောက် ကုတင် အောက်တွင် ဖွက်ထားသည့် ယွန်းဘူးလေးအားထုတ်ယူလိုက်လေသည်။

နှစ်ပေါင်းများစွာ သိမ်းထားသည့် ထိုယွန်းဘူးလေးကို ယဉ် ဟာ ဆွေးဆွေးမြေ့မြေ့ကြည့်လေသည်။ ယွန်းဘူးလေးကို အသာလှပ်လိုက်ပြီးနောက် စုံတွဲရိုက်ထားသည့်ဓာတ်ပုံတစ်ချို့နှင့် ခြောက်သွေ့နေပြီဖြစ်တဲ့ နှင်းဆီပန်းခြောက်လေးတစ်ပွင့်။

"ညို .. မ မင်းကိုနောက်တစ်ကြိမ်အသက်ရှင်ခွင့်ပေးလိုက်တာ တို့ မှားသွားလားဟင် ညို့ ကိုတော့ လက်လွှတ်လိုက်ရပေမယ့် မောင့် ကိုတော့ ပိုင်ဆိုင်ချင်တယ်ကွယ် မ အတ္တကြီးနေလားဟင်"

ယဉ် ဟာ ထိုဓာတ်ပုံလေးကို အတန်ကြာအောင် စိုက်ကြည့်ရင်း လက်ထဲတွင်ကိုင်ထားသည့် ဓာတ်ပုံလေးကို ယွန်းဘူးလေးထဲသို့ထည့်သိမ်းလိုက်လေသည် ။ ယဉ့် အနောက်တွင် ဒေါ်ကျော့ကေသီ ရောက်နေသည်ကို ယဉ် မသိလိုက်ပေ။

Daddy Wife - Season 1 (Completed)Where stories live. Discover now