Part - 24 ( U + Z )

25K 1.1K 66
                                    

Unicode

BMW အနက်ရောင်ကားလေးသည် ရန်ကုန်မြို့လမ်းမကြီးထက် အရှိန်ပြင်းစွာမောင်းနှင်လေသည် ။ ထိုကား၏ အနောက်တွင် ကားနှစ်စီးလိုက်ပါလာသည် ။

ထိုစဉ် မဂ္ဂ ထံသို့ဖုန်းဝင်လာသည် ။

"Boss ကျွန်တော် ဦးမာန်ထက် ခြံထဲမှာပါပဲရှိပါသေးတယ် ဒေါက်တာမြမှူးခက် နဲ့ ဦးမာန်ထက် တို့အိမ်ပေါ်တက်သွားကြပါတယ်"

"အဆက်မပြတ်စောင့်ကြည့်ထားပါ ကင်မ်"

"ဟုတ်ကဲ့ပါ boss"

မဂ္ဂ သည် သူ၏ ကားအားအရှိန်တင်ကာ ဦးမာန်ထက် အိမ်သို့မောင်းနှင်လာသည် ။ မဂ္ဂ ၏ လူယုံဖြစ်သော ကင်မ် သည် ဦးမာန်ထက် ၏ အိမ်ထဲသို့ လူခြေတိတ်ချိန် တိတ်တဆိတ်ဝင်ရောက်ကာ စောင့်ကြည့်နေလေသည်။

ဦးမာန်ထက် တို့ခြံရှေ့တွင် မဂ္ဂတို့ ကားသုံးစီးရပ်ခဲ့ပြီး အိမ်ထဲသို့ ဝင်လာလေသည် ။ အိမ်ထဲသို့ရောက်သော် ခက် ၏ သား သျှားခက်မာန် ကို အိမ်အကူအမျိုးသမီးသုသု မှ ဖက်ထားလေသည် ။

"Boss သူတို့အပေါ်ထပ်မှာ"

"မင်းတို့ထဲကတစ်ယောက် ကလေးကို မာမီ့ အိမ်ကိုခေါ်သွားလိုက်ပါ"

"ဟုတ်ကဲ့ boss"

~ ရွှမ်း! ရွှမ်း! ~

"အား!!!"

ရိုက်နှက်နေသည့် အသံသည် အိမ်အောက်အထိတောင် ကြားနေရသည် ။ မဂ္ဂ နှင့် လူတစ်ချို့ အိမ်ပေါ်သို့အပြေးတက်သွားလေသည် ။

~ ဝုန်း!! ~

ကုတင်ဘေးတွင် ခွေခွေလေးလဲကျနေသည့် ခက် ။ အိင်္ကျီစများပေါ်တွင် သွေးများ စွန်းထင်နေလေသည် ။ မဂ္ဂ သည် ခပ်ယဲ့ယဲ့လေးသာ ရှိတော့သည့် ခက် ကို ပွေ့ချီလိုက်လေသည် ။

"တောင်းပန်ပါတယ် အန်တီ မောင် တောင်းပန်ပါတယ် အန်တီ့ ကို တစ်ယောက်ထဲထားခဲ့မိတယ်"

မဂ္ဂ သည် ခက် ကိုပွေ့ချီပြီး အောက်ထပ်သို့ဆင်းလာကာ ခြံထဲမှကားမောင်းထွက်ခဲ့လေသည် ။ သတိလစ်နေသည့် ခက် အား မဂ္ဂ စိုက်ကြည့်နေမိသည် ။ ပင်ပန်းခဲ့မှာ ။ အန်တီ အရမ်းပင်ပန်းနေခဲ့မှာ ။

Daddy Wife - Season 1 (Completed)Where stories live. Discover now