Part - 12 ( U + Z )

25.2K 944 177
                                    

Unicode

နာမည်ကြီး စားသောက်ဆိုင် တစ်ခု၏ VVIP အခန်းထဲတွင် ဦးမာန်ထက် သည် တည်ငြိမ်စွာထိုင်နေလေသည်။ သူ၏ ရှေ့တွင်တော့ ချစ်ရိပ်ဝေ ဆိုသည့်အမျိုးသမီးဖြစ်သည်။

"ကျွန်မကို တွေ့ချင်တယ်ပြောတော့ အတော်လေးအံ့ဩသွားတယ် ဒီလိုခပ်မြန်မြန်ကြီးတွေ့ချင်လိမ့်မယ်လို့ မထင်ထားဘူးလေ"

ဦးမာန်ထက် မည်သည့်စကားမှမပြောပေ။ ချစ်ရိပ်ဝေ ရှေ့သို့ ဖိုင်တွဲတစ်ခု ပစ်တင်လိုက်လေသည်။ ထိုဖိုင်တွဲအား ချစ်ရိပ်ဝေ မှ ထုတ်ကြည့်ပြီးနောက်

"ဒီလောက်လေးတောင် စုံစမ်းမထားရင် ဦးမာန်ထက်ဘယ်ဟုတ်တော့မလဲ"

"မြမှူးခက် က မင်းနဲ့ အဖေတူအမေကွဲပဲ ဒီအချက်အလက်တွေကိုတွေ့လိုက်ရတော့ ငါအတော်လေးအံ့ဩသွားခဲ့တာ မင်းက မင်းရဲ့အစ်မကို ငါ့လက်ထဲထည့်မှာသေချာရဲ့လား"

"တောက်!! အဲ့ဒီအဖေတူမအေကွဲဆိုတဲ့ စကားကြီးကိုမသုံးပါနဲ့ ဒေါ်သီတာခက် ဆိုတဲ့မိန်းမကြောင့် ကျွန်မနဲ့ကျွန်မအမေ ဒုက္ခရောက်ခဲ့တာ"

ဦးမာန်ထက် ဟာ မည်သည့်စကားမှမဆို အရှေ့တွင်ရှိသော ကော်ဖီ အားဇိမ်ခံသောက်နေလေသည် ။

"ခက် ကို ငါတစ်ကယ်ချစ်တယ် ရအောင်လည်းယူမယ် မင်းအစ်မဖြစ်နေလို့မဟုတ်ဘူးနော် ငါ ခက်ကိုပဲလက်ထပ်မယ်"

"အဲ့ဒီလိုလက်ထပ်နိုင်ဖို့အတွက် ကျွန်မအကူအညီလည်း သေချာပေါက် လိုအပ်လိမ့်မယ်"

"မင်းကိုငါတွေ့ချင်တဲ့ အကြောင်းအရင်းကို မင်းခန့်မှန်းမိမှာပေါ့"

"ကျွန်မသိပ်သိတာပေါ့ရှင့် ကျွန်မရဲ့ အပေးအယူကို သဘောတူတယ်မဟုတ်လား"

ဦးမာန်ထက် ခေါင်းညှိမ့်ကာသဘောတူလိုက်လေသည်။ ချစ်ရိပ်ဝေ ၏ မျက်ဝန်းတွင်တော့ နာကျင်မှုများစွာ ရှိနေလေသည်။

^^^
"အန်တီတော့ လွမ်းနေတော့မှာပဲ မောင်ရယ်"

"မောင်လည်းအန်တီ့ကိုလွမ်းနေမှာ နေ့တိုင်းဖုန်းခေါ်မယ်နော် အန်တီ"

"အစားကိုပုံမှန်စားနော် အလုပ်ကြီးပဲလုပ်မနေနဲ့ နားချိန်လေးလည်းထားဦး သုံးလကြီးတောင်ကြာမှာ သုံးရက်မဟုတ်ဘူး ကျန်းမာရေးလည်းဂရုစိုက်"

Daddy Wife - Season 1 (Completed)Where stories live. Discover now