Prologue

528 42 3
                                    

"နာမည်က"

"ကျန်းဟာအိုပါ"

"အလုပ်အကိုင်ကကော"

"အချိန်ပြည့်အလုပ်ကတော့ ဆရာဝန်ပါ။ အချိန်ပိုင်းအလုပ်ကတော့ တယောဆရာပါ"

"လခကကော ဘယ်လောက်ရလဲ"

"ပါး အဲ့လောက်လိုလို့လား"

"ထယ်ရယ် တိတ်တိတ်နေ မင်းအဖေက လိုအပ်လို့မေးနေတာ"

ယခုအခြေအနေကတော့ ကင်မ်ထယ်ရယ်လေးရဲ့ ချစ်သူကောင်လေး ကျန်းဟာအိုအား ကင်မ်အိမ်တော်၏ အာဏာအရှိဆုံးသူ ကင်မ်ထယ်ရယ်ကို ပိုးမွေးသလိုမွေးပြီး အငယ်ဆုံးသားလေးကို ငုံထားမတတ်ချစ်သည့် ကင်မ်ထယ်ရယ်၏ ဖခင် ကင်မ်ထယ်ဂျောင်မှ မေးခွန်းများ မေးမြန်းနေသည့် အခြေအနေပင်။

"ဟာအို ထယ်ရယ်နဲ့ မင်းနဲ့က ၁၀နှစ်တောင် ကွာတာ လုံးဝမဖြစ်နိုင်ဘူး"

ဒါကတော့ ကင်မ်ထယ်ရယ်ကို သဲသဲလှုပ်ချစ်ပြီး ညီဖြစ်သူကို တခြားသူတွေ ယူသွားမှာ လွန်စွာ ကြောက်ပြီး အကြည့်ဖြင့်ပင် အကြည့်မခံသည်အထိ တွန့်တို့လွန်းသည့် ကင်မ်ထယ်ရယ်၏ အစ်ကိုကြီး ကင်မ်ဂျီအွန်းက ဝင်ပြောခြင်းပင်။ တစ်နည်း ဟာအို၏ သူငယ်ချင်းအရင်းခေါက်ခေါက်ဆိုလည်း မမှား။

"ဂျီအွန်း ငါ ထယ်ရယ့်ကို ဘယ်လောက်တန်ဖိုးထားလဲ မင်းသိပါတယ်။ ပြီးတော့ အသက်ဆိုတာကလည်း ဂဏန်းတစ်ခုပဲလေကွာ"

"ဟျောင်းလည်း မက်ချူးနဲ့ ၁၀နှစ်ကွာတာပဲ"

"ကင်မ်ထယ်ရယ် တိတ်တိတ်နေ"

ထယ်ရယ်က ဝင်ပြောတော့ ကင်မ်ဂျီအွန်းက မျက်စောင်းဖြင့် ခဲကြည့်သည်။

"ဒါနဲ့ ဟာအိုဟျောင်း ထယ်ရယ်ဟျောင်းက ကျွန်တော့်အတွက် အရေးအပါဆုံးသူဆိုတာ သိတယ်မလား။ ထယ်ရယ်ဟျောင်းက ကျွန်တော့်ကိုဆို အရမ်းချစ်တာ။ ငယ်ငယ်ကဆို ကျွန်တော့်ကို ပြောဖူးတာ ဘယ်တော့မှ ကျွန်တော့်ကို ထားမသွားဘူးတဲ့။ အိမ်ထောင်လည်း မပြုဘူးတဲ့"

"အင်း ဟျောင်းသိပါတယ် ဂယူဘင်း။ ကိုယ်အတွက်လည်း ထယ်ရယ်က အရေးအပါဆုံးဖြစ်ပြီး အခု ထယ်ရယ့်အတွက်လည်း ကိုယ်က အရေးအပါဆုံးသူဖြစ်နေပြီလေ။ ကိုယ်ကော ထယ်ရယ်ကောက အပြန်အလှန် ထားသွားကြမှာ မဟုတ်ဘူး"

ဟာအို၏ အဖြေကြောင့် မျက်နှာသည် လငပုတ်ဖမ်းသလို ပုတ်သိုးသွားသည့် ဒီတစ်ယောက်ကတော့ ကင်မ်ထယ်ရယ်ရဲ့ ညီတစ်ဝမ်းကွဲ ကင်မ်ဂယူဘင်း။ သူကကျတော့ အစ်ကိုဖြစ်သူအပေါ် လွန်စွာသဝန်တိုတတ်ပြီး အစ်ကိုဖြစ်သူအား မိန်းကလေးမပြောနဲ့ ယင်ဖိုတောင် အနားမကပ်စေတဲ့သူ။

ကျန်းဟာအိုအဖြစ်ကလည်း ကင်မ်အိမ်တော်ရဲ့ အလှဆုံး ပန်းလေးအပေါ်ကိုမှ မေတ္တာသက်ဝင်မိတဲ့ အဖြစ်။ ဘယ်လိုတွေပဲဖြစ်နေနေ ထယ်ရယ့်ကို ချစ်တာမလို့ ဒါတွေဟာ မပြောပလောက်ပါဘူးလေ။ သူတို့ သုံးယောက်ပေါင်းချစ်တာလောက်တော့ ဟာအိုက တစ်ယောက်တည်း ချစ်ပြနိုင်တယ်။

ဒါဆို ဇာတ်လမ်းလေးကို မသိချင်ကြဘူးလား။ ကျန်းအိမ်တော်ရဲ့ ဟာအိုက ကင်မ်အလှလေး ထယ်ရယ်နဲ့ ဘယ်လိုတွေ့ခဲ့ကြသလဲ။ နောက်ပြီး ကင်မ်အိမ်တော်နဲ့ ဘယ်လိုတွေ ရင်ဆိုင်ကြရမလဲ။

အင်း.. ကင်မ်အိမ်တော်ရဲ့ သဲသဲလှုပ်လေးကို ချစ်မိတော့လဲ ဒီလောက်ကတော့ ရှိပါစေတော့လေ။

ヽ(♡‿♡)ノ

Light Me Haoraeကို မုအွန်ခိုင်းရတော့မှာမလို့ ချော့တာ 😔🤍

Arjussi Next Door 🚪Where stories live. Discover now