Chapter 16

139 32 15
                                    

𝐌𝐨𝐯𝐢𝐧𝐠 𝐎𝐮𝐭

❀❀❀❀❀

"ဦးလေးကြီး တကယ်မကောင်းဘူး"

ဟာအို၏ ကုတင်ထက်ထိုင်ရင်း အထုတ်အပိုးများအား သိမ်းဆည်းနေသည့် ဟာအိုကို ငြူစူနေသည့် ကလေးပါပင်။

"ဦးလေးကြီး ကြားလားလို့ မပြောင်းပဲ ဒီမှာပဲ ဆက်နေလေနော်။ အိမ်မှာက တွေ့ဖို့ ခက်ပေမဲ့ ဦးလေးကြီးရဲ့ မျက်နှာလေးတော့ နေ့တိုင်းမြင်ရတယ်လေ"

"ဦးလေးကြီးလို့"

ဟာအိုမှာ ပစ္စည်းတွေကို သေချာစစ်နေရတာနှင့် ချာတိတ်ကို အာရုံမစိုက်မိလိုက်တာ ဆူဆောင့်ကာ ပြောလာသံလေးကြားမှ ကြည့်လိုက်မိတော့ ဟာအိုနှင့် ဆန့်ကျင်ဘက်ကို ခန္ဓာကိုယ် တစ်ခုလုံးအား လှည့်လို့ထားသည်။ သဘောက သူစိတ်ကောက်နေပါသည်ပေါ့။ ဘဲနှုတ်သီးလေးလို နှုတ်ခမ်းလေးကလည်း သေချာပေါက် ဆူနေဦးမှာပင်။

"ကလေးလေး"

ဟာအို ခေါ်လိုက်ပေမဲ့ လှည့်မလာသည့် ကလေးလေးက အမှန်အကန်ကို စိတ်ကောက်နေတာပင်။ ဟာအိုလည်း ဖြစ်နိုင်လျှင်တော့ ချာတိတ်လေးပြောသလို နေ့တိုင်း မျက်နှာလေး မြင်ရဖို့ နေချင်ပေမဲ့ ဟာအို၏ အလုပ်ဟာ ခဏတဖြုတ်လည်း မဟုတ်။ ဆေးရုံတွင် ရေရှည်လုပ်ရမည်မလို့ ဦးလေးတို့က အလကားနေခိုင်းထားသည်က ဝန်ပိစေတာမလို့ပင်။

ထယ်ရယ် ဦးလေးကြီး ခေါ်တာကို ကြားပေမဲ့ ဦးလေးကြီးကို စိတ်ကောက်ချင်တာမလို့ ပြန်လည်း မထူးသလို လှည့်လည်း မကြည့်။ အိမ်ပြောင်းမယ်ဆိုရင်တောင် နည်းနည်းထပ်နေစေချင်သေးတာကို အခုက ကောက်ကာ ငင်ကာကြီး ထပြောင်းတာ။ တစ်နှစ်ကျော်လောက်လည်း အဝေးရောက်ချစ်သူတွေဖြစ်ခဲ့ပြီးတာကို တကယ်မကောင်းဘူး။

"ဟင်"

ထယ်ရယ့်ကို အနောက်မှ ခါးကိုသိုင်းဖက်ပြီး ထယ်ရယ့်ပခုံးကို မေးတင်ထားသည်ကို ဦးလေးကြီး၏ အသက်ရှူသံ ငွေ့ငွေ့တွေကြောင့် ခံစားမိလိုက်သည်။

"ကိုယ်က ထယ်ရယ့်ကို အမြဲလာတွေ့မှာပါ ကလေးရဲ့"

စိတ်မပျော့သွားနဲ့ ကင်မ်ထယ်ရယ် ဒီလောက်လေးနဲ့ စိတ်ကောက်မပြေသွားနဲ့။

Arjussi Next Door 🚪Where stories live. Discover now