Chapter 23

120 28 3
                                    

𝐖𝐡𝐚𝐭 𝐡𝐚𝐩𝐩𝐞𝐧𝐞𝐝??

❀❀❀❀❀❀

𝟑 𝐲𝐞𝐚𝐫𝐬 𝐥𝐚𝐭𝐞𝐫...

ဆေးရုံဝန်းထဲသို့ ဝင်ရောက်လာပါသော နက်ပြောင်နေသည့် ကားတစ်စီး။ ကားကိုပါကင်ကျအောင် ထိုးပြီးနောက် လက်ဆွဲအိတ်အနက်ကို ဆွဲကာ ကားပေါ်မှ ဆင်းလာသူဟာ နတ်သားတစ်ပါးအလား။ ပြောင်လက်နေသည့် ဘွတ်ဖိနပ်အနက်ရောင်ဖြင့် ယုံကြည်ချက်အပြည့်နှင့် ခြေလှမ်းတွေဟာ ဆေးရုံထဲသို့။

"ပါမောက္ခ ဂျန် ရာထူးတက်သွားတာ ဂုဏ်ယူပါတယ်"

"ဂုဏ်ယူပါတယ် ပါမောက္ခ ဂျန်"

သေချာပေါက် ထိုလူဟာ ဂျန်ဟာအိုပဲပေါ့။ ရုံးခန်းသွားသည့် လမ်းတစ်လျှောက်လုံး အားလုံး၏ ချီးကျူး ဂုဏ်ပြုစကားတွေကို အပြုံးလေးဖြင့် ကျေးဇူးတင်စကားဆိုရင်း ရုံးခန်းဆီသို့။ ရုံးခန်းထဲရောက်ရောက်ချင်း ဖန်တုံးပေါ်တွင် ရွှေရောင်ဖြင့် သေချာလေး ထုထွင်းထားသည့် နာမည်ပြားအား ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်မိသည်။ နောက်ဆုံးတော့ အိပ်မက်တွေ ပြည့်ဝခဲ့ပြီ။

ဟာအိုလည်း လက်ဆွဲအိတ်ကို နေရာချလိုက်ပြီး စားပွဲပေါ်မှ ပုံးထဲမှ ပစ္စည်းတစ်ချို့ကို နေရာချဖို့ ပြင်လိုက်သည်။ ပုံး၏ အဖုံးကို ဖွင့်လိုက်လိုက်ချင်းမှာပင် ထွက်ပေါ်လာသည်က ချာတိတ်နှင့် သူတွဲရိုက်ထားသည့် ပုံလေး။

ဟာအိုထိုပုံလေးကို တမြေ့မြေ့ကြည့်ရင်း ပုံထဲမှ ချာတိတ်၏ မျက်နှာလေးကို တယုတယထိတွေ့ရင်း နှုတ်ခမ်းဖျားမှလည်း "လွမ်းလိုက်တာ"ဟု ရေရွတ်မိလိုက်သည်။ တကယ်ပဲ ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေမလဲ။ ကိုယ့်ကိုကော သတိရနေရဲ့လား။ ပြန်သာတွေ့ရမယ်ဆိုရင် ကိုယ်ကတော့ နေ့တိုင်း သတိရနေကြောင်း ပြောပြနေမိမှာ။

"ပါမောက္ခ ဂျန် ချူခါဟဲ"

"ကင်မ်ဂျီအွန်း ဘယ်က ဘယ်လိုရောက်လာတာလဲ"

ထယ်ရယ်နှင့် ဟာအို၏ ကိစ္စတွေဖြစ်ပျက်ပြီးတဲ့နောက် ဂျီအွန်းကတော့ မတ်ချူးနှင့် လက်ထပ်ဖြစ်သွားပြီး ကနေဒါကို ပါမောက္ခဘွဲ့ စာတမ်းအတွက် ထွက်သွားခဲ့တာလေ။

Arjussi Next Door 🚪Kde žijí příběhy. Začni objevovat