Chapter 0

277 35 19
                                    

𝐎𝐮𝐫 𝐬𝐭𝐨𝐫𝐲 𝐛𝐞𝐠𝐢𝐧𝐬 𝐥𝐢𝐤𝐞 𝐭𝐡𝐢𝐬..

❀❀❀❀❀

"Ladies and gentlemen, we're now approaching London and the plane will be landing in a few minutes. Please be in your seat with your seatbelt firmly fastened. Please also ensure all your electronic devices are turned off. Thank you."

လေယာဉ်မယ်၏ ကြေညာချက်အဆုံး လေယာဉ်၏ 1st classတွင် လိုက်ပါစီးနင်းလာသော သူသည် ပြတင်းပေါက်မှတဆင့် လန်ဒန်မြို့၏ ရှုခင်းကို ကြည့်ကာ ပြုံးလိုက်သည်။ ပြတင်းပေါက်မှ အတင်းတိုးရှပ်ကာ ဝင်နေကြသည့် ခပ်ဖျဖျနေရောင်ကြောင့် ထိုလူ၏ မျက်ခမ်းစပ်အောက်မှ မှည့်နက်လေးဟာလည်း ထင်းခနဲ။

"Ladies and gentlemen, our flight has safely landed. We hope you had a wonderful time while flying on our plane. Have a good time in London."

"နောက်ဆုံးတော့ ပြန်ရောက်လာရပြန်ပြီ"

လေယာဉ်ပေါ်မှ ဆင်းလာပြီး ခရီးဆောင်အိတ်ထုတ်ယူကာ လေဆိပ်ပင်မအပေါက်မှ ထွက်လာခဲ့လိုက်သည်။ ထို့နောက် တက္ကစီတစ်စီးငှါးယူပြီး ငှါးယူနေထိုင်မည့် အိမ်သို့ ဦးတည်သွားလိုက်သည်။

"တီး တောင်"

"Hi what can I help you?"

"Hello, I'm Zhang Hao."

"Oh, the one who made a 3 years contract."

"Yes, that's me."

"Okay, I'll show you the room."

အိမ်ပိုင်ရှင် အန်တီကြီး လိုက်ပြသည့် အခန်းကို ကြည့်ပြီး ဟာအို သဘောတကျပြုံးမိသည်။ နေရောင်လည်း ကောင်းကောင်းရပြီး လေဝင်လေထွက်လည်း ကောင်းသည်။ တစ်ယောက်စာအတွက်လည်း အတော်လေး ကျယ်ဝန်းပြီး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်လှသည်။ ဟာအိုလိုချင်သည့် အခန်းမျိုးနှင့် ကွက်တိပင်။ ဒီလိုမျိုးရအောင်လည်း ဟာအိုက သေချာရှာထားခဲ့တာပင်။

အိမ်ရှင်အန်တီကြီးပြန်သွားတာနှင့် ဟာအိုလည်း ပါလာသည့် အထုတ်အပိုးများကို နေရာချလိုက်သည်။ နေရာချပြီးတော့ ညနေ ၄နာရီခန့်ပင် ရှိနေပြီ။ ရောက်စမလို့ နေအိမ်တွင်လည်း စားစရာများ မရှိသေးတာမလို့ အနီးအနားက စတိုးဆိုင်သို့ သွားပြီး ဈေးဝယ်ထွက်ရန် ပြင်လိုက်သည်။ သိပ်မဝေးသည်မလို့ ဟာအို လမ်းလျှောက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။

စူပါမားကတ်တွင် ဟာအိုသည် ဟင်းချက်စရာများနှင့် တခြားလိုအပ်သော အိမ်သုံး အသုံးအဆောင်များကိုပါ ဝယ်လာလိုက်သည်။ လမ်းလျှောက်လာသည်မလို့ သိပ်လည်းအများကြီး မဝယ်ပဲ လိုအပ်သလောက်ကိုသာ ဝယ်ယူခဲ့လိုက်သည်။

Arjussi Next Door 🚪Where stories live. Discover now