Chapter 2

170 29 15
                                    

𝐃𝐫𝐞𝐚𝐦 𝐨𝐫 𝐑𝐞𝐚𝐥𝐢𝐭𝐲

"လောင်ကုန်း"

လောင်ကုန်းခေါ်သံနှင့်အတူ နဖူးပြင်ပေါ်သို့ ကျရောက်လာသည့် လေငွေ့နွေးနွေးလေး။

"လောင်ကုန်း ထလို့"

နေဦး ကျန်းဟာအို ဘာသံတွေ ကြားနေရတာလဲ။ ဘယ်သူက သူ့ကို လောင်ကုန်းလို့ ခေါ်နေတာလဲ။ ဟာအို မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်ပေမဲ့ စူးခနဲဝင်လာသည့် နေရောင်ကြောင့် အလျင်အမြန်ပြန်ပိတ်လိုက်မိသည်။

နောက်မှ တဖြေးဖြေးချင်း ပြန်ဖွင့်ကြည့်တော့ နေရောင်ဖြာကျလျက်ရှိတဲ့ ဟာအိုရဲ့ ကုတင်ဘေးမှာ မေးလေးထောက်လျက် ဟာအိုကို ပြုံးကြည့်နေတဲ့ လူသားလေး။ ပါးပြင်ထက်မှာ ပါးချိုင့်လေးတွေကလည်း အထင်းသား။

"လောင်ကုန်း"

ခဏ ဟာအို ဒီအသံကို သေချာကြားဖူးပါတယ်။ ဪ.. ဘေးအိမ်က ချာတိတ် အသံပဲ။

ဟင်.. ချာတိတ်။ ထိုအခါမှ မျက်လုံးတို့အား ပို၍ သေသေချာချာ ဖွင့်ကြည့်လိုက်တော့ အမှန်တကယ်ကို ချာတိတ်လေးပင်။ ထိုအခါ ဟာအိုအိပ်နေရာမှ ဝုန်းခနဲပင် ထထိုင်မိသည်။ ချာတိတ်လေးက ဘာလို့ သူ့ကို လောင်ကုန်းလို့ ခေါ်နေတာလဲ။

"ချာတိတ် ကိုယ့်ကို ဘယ်လိုခေါ်နေတာလဲ"

"လောင်ကုန်းကလည်း မသိချင်ယောင်ဆောင်နေပြန်ပါပြီ။ ထယ်ရယ်တို့က လက်ထပ်ပြီးနေပြီကို"

ဟင် မဟုတ်သေးပါဘူး။ သူ ချာတိတ်နဲ့ တွေ့တာ ခြောက်ရက်နဲ့ တစ်ပိုင်းလောက်ပဲရှိသေးတာကို ဘယ်ကဘယ်လို လက်ထပ်ဖြစ်။

"ချာတိတ် ကိုယ့်ကို နောက်နေတာပဲ"

"လောင်ကုန်းက ထယ်ရယ့်ကို နောက်တယ်လို့ ထင်တယ်ပေါ့"

မဟုတ်သေးဘူး။ ဒီကလေး အတည်ပေါက်ကြီးကို ပြောနေတာ။ အိပ်မက်များလား။ ထို့ကြောင့် ဟာအို ကိုယ့်အသားကိုယ် ဆွဲကြည့်မိတော့ နာသွားရသည်။

"အာ့ တကယ်ပဲ"

"လောင်ကုန်းက အိပ်မက်လို့ ထင်နေတာလား"

"ချာတိတ် ကိုယ်တို့က ဘယ်လိုလက်ထပ်ဖြစ်သွားတာလဲ"

"ထယ်ရယ့်ကို နမ်းရင် ပြောပြမယ်"

Arjussi Next Door 🚪Where stories live. Discover now