Chapter 20

132 27 7
                                    

𝐆𝐞𝐭𝐭𝐢𝐧𝐠 𝐜𝐚𝐮𝐠𝐡𝐭 𝐩𝐚𝐫𝐭 𝟐

❀❀❀❀❀

ထမင်းစားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင် ထိုင်ကာ အကြည့်ချင်း စီးချင်းထိုးနေကြသည့်သူတွေကား ဟန်ယူဂျင်း၏ အစ်ကိုဖြစ်သူ ဂျန်ဟာအိုနှင့် ကင်မ်ထယ်ရယ်၏ ညီဖြစ်သူ ကင်မ်ဂယူဘင်း။ ဒီပြဿနာတွေ၏ ကာယကံရှင်တွေကတော့ ထိုနှစ်ဦး၏ စကားအောက် အခန်းထဲတွင် ငြိမ်ငြိမ်လေး နေနေရလျက်။

"ယူဂျင်း ဘာမှ မဖြစ်လောက်ပါဘူးနော်"

"အဆင်ပြေသွားမှာပါ ဟျောင်းရဲ့"

စိတ်ပူနေသည့် ထယ်ရယ့်၏ လက်ကို ယူဂျင်းက ကိုင်ထားပေးပြီး စိတ်ငြိမ်အောင် ထားခိုင်းသည်။ သို့ပေမဲ့ ထယ်ရယ်ဟာ အခန်းပြင်က နှစ်ယောက်လုံးကို စိတ်ပူနေလျက်။ ထယ်ရယ့်လိုပင် ယူဂျင်းဟာလည်း စိတ်တိုနေပေလိမ့်မည်။

"အဲ့တော့ ဟျောင်းက ထယ်ရယ်ဟျောင်းရဲ့ ချစ်သူပေါ့"

ဂယူဘင်း မျက်နှာချင်းဆိုင်က သန်းပေါင်းများစွာ တန်သည်အထိ ချောမောသည့် မျက်နှာ ပိုင်ရှင်အား သေချာ စိုက်ကြည့်မေးလိုက်သည်။

"အဲ့တော့ မင်းက ငါတို့ ယူဂျင်းလေးကို သဘောကျနေတာပေါ့"

ဟာအိုဟာလည်း သူ့ကို စိုက်ကြည့်ကာ မေးလာသည့် မျက်နှာသေးသေးလေးနှင့် တော်တော်ကြည့်ကောင်းသည့် ယောက်ဖလောင်းကို သေချာစိုက်ကြည့်ကာ ပြန်မေးလိုက်သည်။

"ကျွန်တော် မေးတာ အရင်ဖြေပါ"

"ဟုတ်တယ် ဟျောင်းက ထယ်ရယ့် ချစ်သူ ဂျီအွန်း သူငယ်ချင်းဆိုလည်း ဟုတ်တယ် အလုပ်အကိုင်ကတော့ ဆရာဝန် မိဘတွေက တရုတ်မှာ စီးပွါးရေးလုပ်တယ်။ ကိုယ့် မိဘတွေကလည်း ထယ်ရယ့်အကြောင်းသိထားပြီး သဘောတူသလို ထယ့်ကိုလည်း သဘောကျတယ်။ ဘာထပ်ပြောပြရဦးမလဲ"

ဂျီအွန်းဟျောင်း သူငယ်ချင်းဆို ဒီအချိန်ထိ အဆင်ပြေပြေ ရှိနေပုံထောက်ရင် ဂျီအွန်းဟျောင်း မသိလောက်သေး။ အနိုင်ရသူလို အထက်စီးကနေ ပြောနေပုံကိုက ပိတ်ရိုက်ချင်စရာ။ ဒါပေမဲ့ ကင်မ်ဂယူဘင်းဆိုတာ ထယ်ရယ်ဟျောင်းနား ကပ်လာတဲ့သူ မှန်သမျှကို ရှင်းထုတ်လာတဲ့ သူပါ။ ဂယူဘင်း ကြံရင် ဘယ်သူခံနိုင်ရိုးလဲ။ ဂျီအွန်းဟျောင်းနဲ့ ဦးလေးတောင် မလိုဘူး။ ဘဝင်မြင့်နေတဲ့ ဒီလူကို ဂယူဘင်းရှင်းပြမယ်။

Arjussi Next Door 🚪حيث تعيش القصص. اكتشف الآن