Chapter 18

127 27 12
                                    

𝐄𝐧𝐜𝐨𝐮𝐧𝐭𝐞𝐫

❀❀❀❀❀

ပုံမှန် မနက်ခင်းတွေလိုပင် ထယ်ရယ်နိုးထလာပေမဲ့ ဒီနေ့ဟာတော့ အနွေးဓာတ်မရှိပဲ နိုးထလာရသည့် မနက်ခင်းပင်။ အမြဲ ထယ်ရယ့်ကို စောင့်နှိုး ကျောင်းလိုက်ပို့ပြီးမှ အလုပ်သွားတဲ့ ဦးလေးကြီးက ဒီနေ့မှ ဘာလို့ အစောကြီး ထသွားရတာလဲဟူသော အတွေးဖြင့် ရေချိုးခန်းစီ ဦးတည်တော့ လုပ်ပေးနေကြအတိုင်း သွားတိုက်တံဟာ အဆင်သင့်။

ရေချိုးပြင်ဆင်ပြီး မီးဖိုချောင်ဘက် ထွက်လာတော့လည်း မနက်စာဟာ အဆင်သင့်။ ဦးလေးကြီးက တကယ်ပါပဲ။ စိတ်ကောက်ချင်တာတောင် ဘယ်တော့မှ စိတ်ကောက်လို့မရဘူး။

ထယ်ရယ်လည်း ဦးလေးကြီး ပြင်ဆင်ထားပေးသည့် မနက်စာကို စားနေရင်း ရေခဲသေတ္တာပေါ်မှ စာတစ်စောင်ကို တွေ့တော့ ထသွားကာ ဖြုတ်ကြည့်လိုက်သည်။

📝 ဒီနေ့ တရုတ်က ကိုယ့်မွေးစား ညီလေး ကိုးရီးယားကို ပြန်ရောက်မှာမလို့ လေဆိပ်မှာ သွားကြိုဖိုး အစောထွက်သွားတာ။ ချာတိတ်ကို မပြောဖြစ်လိုက်တာက မနေ့ညက ကိုယ်ပြန်ရောက်တော့ အရမ်းအိပ်မောကျနေပြီး မနက်အစောကြီး လေဆိပ်ကို ထွက်လာလိုက်ရတာမလို့။ ညကျမှ ညီလေးနဲ့ မိတ်ဆက်ပေးမယ်နော်။ အရမ်းချစ်တယ်။

- ထယ်ရယ့်ရဲ့ ဦးလေးကြီး ><

'ညီလေး တစ်ခါမှ မပြောဖူးဘူးပဲ ဘာပဲဖြစ်ဖြစ် ဦးလေးကြီး ပြန်လာရင် ပြောပြမှာပဲကို'

ထို့ကြောင့် ထယ်ရယ်လည်း ဘာမှ ဆက်မတွေးတော့ပဲ ကျောင်းသို့သာ ဦးတည်သွားလိုက်တော့သည်။

ဟာအို လေဆိပ်တွင် နာရီတကြည့်ကြည့်ဖြင့် ညီဖြစ်သူ ထွက်လာမည်ကို စောင့်နေခဲ့သည်။ ခဏကြာတော့ အိတ်တွေ အပြည့်တင်ထားသည့် လှည်းကို တွန်းကာ ထွက်လာသည့် ညီလေးကို လှည်းမြင်တော့ လက်ပြလိုက်သည်။

"ကောကော"

"ချန်ချန်"

"ကောကောတို့များနော် ရည်းစားရပြီးမှ ပိုလန်းနေတာ"

"အစ်ကိုကို စဖို့ မတွေးပဲ မြန်မြန်အထုတ်ယူပြီး လိုက်ခဲ့"

ထို့ကြောင့် အနောက်တွင် ကျန်ခဲ့သည့် ကလေးခမျာ လှည်းကို တစ်ယောက်တည်း တွန်းရင်း အခန့်သား ထွက်သွားသည့် အစ်ကိုနောက် မှီအောင်လိုက်ရတော့သည်။

Arjussi Next Door 🚪Where stories live. Discover now