Chapter 8

194 30 18
                                    

𝐎𝐮𝐫 𝐋𝐨𝐯𝐞 𝐒𝐭𝐨𝐫𝐲...

❀❀❀❀❀

ပြတင်းပေါက်ရှိ လိုက်ကာစကြားမှ အတင်းတိုးရှပ်ကာ ဝင်ရောက်လာသည့် နေရောင်ကြောင့် ထယ်ရယ်ဟာ မျက်တောင်တစ်ဖျက်ဖျက်ခပ်ရင်း နိုးလာရသည်။ နံဘေးကို ကြည့်တော့ ဦးလေးကြီးက မရှိ။

မရှိတာကိုပဲ ထယ်ရယ်ကျေးဇူးတင်မိသွားသည်။ မဟုတ်လျှင် ထယ်ရယ်နေရခက်နေမှာ။ မနေ့က အကြောင်းတွေကို ပြန်ရောက်မိသွားတာနှင့် ထယ်ရယ့်မျက်နှာတွေဟာ ပြန်လည်နီဆွေးလာပြီး စောင်နှင့် အုပ်ကာ စောင်ပုံထဲကနေ ခြေထောက်တွေကို ကန်ကာ ရှက်ရမ်းရမ်းနေမိသည်။

ကျောင်းပိတ်ရက်ပေမဲပလည်း အိပ်ရာထဲမှာ အချိန်မဆွဲချင်နေတော့တာမလို့ ထယ်ရယ်ထထိုင်လိုက်တော့ ကုတင်ဘေးက စားပွဲပုလေးပေါ်တွင် ကပ်ထားသည့် စာလေးအား ခွါကြည့်လိုက်တော့ ဦးလေးကြီး၏ လက်ရေး ခပ်သော့သော့အား မြင်ရသည်။

🗒️ ကိုယ် ဒီနေ့ ဂျူတီဝင်စရာရှိလို့ ဆေးရုံသွားပြီနော်။ နေ့လည်တော့ ပြန်လာမယ်။ နိုးလာလို့ မတွေ့ရင် ရှာနေမှာ ဆိုးလို့။ ကိုယ့်အခန်းမှာပဲ မျက်နှာသစ်သွားနော်။

p.s. မသွားခင် နဖူးလေး နမ်းသွားမိတာမလို့ စိတ်မဆိုးရဘူးနော် ><

ဦးလေးကြီး၏ စာကို ဖတ်ပြီး ကိုယ့်နဖူးလေးကို အသာကိုင်ကာ ရယ်မိသွားသည်။ ကုတင်ရှေ့မှာ ချထားသည့် ကွင်းထိုးလေးကို စီးကာ ရေချိုးခန်းကို သွားလိုက်တော့ မှန်ပေါ်တွင် ထပ်ကပ်ထားသည့် စာတစ်စောင်။

🗒️ သွားတိုက်တံလည်း ပြင်ထားပေးတာမလို့ သေချာလေး သွားတိုက်သွားပါ။ အရမ်းချစ်တယ် ကိုယ့်ကလေးလေး။

ဦးလေးကြီးပြင်ထားပေးသည့် အဝါနုရောင် သွားတိုက်တံလေးဖြင့် သွားတိုက်ရင်း မှန်ထဲမှ ကိုယ့်ပုံရိပ်ဆီ အကြည့်ရောက်မိတော့ လည်ပင်းထက်မှ ဦးလေးကြီး ဖန်တီးပေးထားသည့် အမှတ်အသားများ။ ထယ်ရယ်မှာ ပြန်ရှက်သွားရပြီး အမြန်သွားတိုက်ပြီး ရေချိုးကာ ထွက်လာလိုက်သည်။

မနေ့က အဝတ်အစားတွေကို ဦးလေးကြီး၏ အဝတ်လျှော်စက်ထဲ ထည့်လိုက်သည်မလို့ ဝတ်စရာမရှိတော့။ ထို့ကြောင့် ဦးလေးကြီး၏ အဝတ်အစားတွေထဲက ထယ်ရယ်နှင့် တန်မည့် အဝတ်အစားအား ရွေးဝတ်လိုက်သည်။

Arjussi Next Door 🚪Where stories live. Discover now