Chapter 14

140 36 8
                                    

First Snow ❄️

❀❀❀❀❀

"ထယ်ရယ် ပါးရဲ့ ကလေးလေး ပါးပြန်ရောက်ပြီ"

ထိုအသံကြောင့် မျက်ဝန်းအစုံ မှိတ်ချထားသည့် ထယ်ရယ်အပြင် အနမ်းတစ်ခု ဖန်တီးတော့မည့် ဟာအိုလည်း အလန့်တကြား။

"ပါပါး ပြန်လာပြီ"

ရုတ်တရက် လန့်ဖြတ်ကာ လက်ဖျားခြေဖျားတွေပါ အေးစက်သွားတဲ့ ထယ်ရယ်က သူ့အိမ်ကို ကြောက်ရတာများလားဟု ဟာအိုတွေးမိသွားသည်။ ဒါပေမဲ့ မနက်က ညီလေးကို အပေါ်အတင်း နှင်လွှတ်ပြီး ရွှေဥ ဥသလို သဝန်ကြောင်သည့် ကင်မ်ဂျီအွန်းတောင် အခြေအနေက အဲ့လောက်ဖြစ်နေတာ အဖေဖြစ်သူက ပိုဆိုးလိမ့်မည်ဟုတော့ ဟာအို တွေးမိသွားသည်။

"ချာတိတ် စိတ်အေးအေးထား ကိုယ့်ကိုကြည့်"

"ဘယ်လို စိတ်အေးအေးထားနိုင်မှာလဲ ပါပါးသာ မိသွားရင် သွားပြီ ဦးလေးကြီးနဲ့ ဝေးရမှာ"

ထယ်ရယ့် ငိုသံရောယှက်နေသည့် ထိုစကားလေးတွင် ဟာအို မသိမသာလေး ပြုံးမိသွားသည်။ ချာတိတ်လေးက သူ့ကို အမှန်အကန်ချစ်သည်လေ။ ဒါတွေကလည်း လန်ဒန်မှာ အတူရှိခဲ့သည့် အချိန်တွေမှာကော အဝေးရောက်ချစ်သူဘဝမှာပါ ဟာအို ခံစားမိပြီးသား။ အခုချိန်ဟာအိုအတွက် လိုအပ်နေတာ ကသ်မ်မိသားစုကြီး သူ့ဘက်ပါဖို့။

"ကိုယ်နဲ့ မဝေးချင်ဘူးမလား"

"ဟုတ်"

"အဲ့တာဆို စိတ်အေးအေးထားနော် ကိုယ်တို့ အခုမှ သိတဲ့ သူလိုပဲ နေကြမယ်လေ ပြီးရင် ကိုယ်ပြောသလို အလိုက်သင့်လေး လုပ်နော်"

❀❀❀❀❀

"အစ်မကြီး ဂျူ ထယ်ရယ်လေးကော"

"ထယ်ရယ်လေးက ဧည့်သည်အတွက်ဆိုပြီး သံပုရာရည် သွားပို့တယ်"

"ဘယ်က ဧည့်သည်"

"ဂျီအွန်းလေးရဲ့ သူငယ်ချင်းပါ ဥက္ကဌကြီး"

"အာ ဟိုဆရာဝန်လေး ထယ်ရယ်က သူ့ဆီ ဘာလို့သွားတာလဲ"

"သံပုရာရည်သွားပို့.."

"တီတီ"

အရှေ့ဘက်မှ အသံဆာဆာလေး၏ ပိုင်ရှင်ကို ကြည့်လိုက်တော့ ကင်မ်ထယ်ရယ်။ အယ်.. စောနက ထယ်ရယ်လေးက ဒီဘက်ကိုသွားတာကို ဘယ်လိုကနေ ဘယ်လို အရှေ့ကနေ ပြန်ဝင်လာ။

Arjussi Next Door 🚪Where stories live. Discover now