Chapter 11

148 28 5
                                    

𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 & 𝐅𝐚𝐫𝐞𝐰𝐞𝐥𝐥..

❀❀❀❀❀

Jingle bell, Jingle bell, Jingle bell rock..

ခရစ်စမတ်နေ့ဖြစ်တာကြောင့် ပျံ့လွင့်နေသည့် သီချင်းသံကြောင့် ထယ်ရယ် ပါးချိုင့်လေးတွေ ခွက်ဝင်သည်အထိ ပြုံးမိသွားသည်။ ချောကလက်နို့ပူပူလေး၏ ချိုမြိန်တဲ့ အရသာကြောင့်လည်း ပါတာပေါ့လေ။

ခရစ်စမတ်နေ့ဖြစ်ပေမဲ့ ဦးလေးကြီးကတော့ မနေ့ညကနေ ဒီနေ့နေ့လည်အထိ ဆေးရုံတွင် တာဝန်ကျသည်မလို့ မနက်ကတည်းက ထယ်ရယ့် အနားမရှိ။ နေ့လည်ပြန်ရောက်မယ် ပြောထားပေမဲ့ ခုထိပြန်မရောက်သေး။ ခရစ်စမတ်ကို အတူတူဖြတ်သန်းချင်ပါတယ်ဆိုမှ။

နောက်ပြီး တဖြေးဖြေးနီးကပ်လာတဲ့ အိမ်ပြန်ချိန်တွေကိုလည်း ဦးလေးကြီးကို အသိပေးရဦးမည်လေ။ အချိန်တွေက အခုမှကုန်တာ အဲ့လောက်တောင် မြန်နေရသလားဟု ထယ်ရယ်အပြစ်တင်ချင်လာပြီ။ လန်ဒန်ကိုရောက်တာ ၉လ ဦးလေးကြီးနှင့် တွဲတာ ၈လအတိုင်းအတာမှာ အပြည့်အဝတောင် မချစ်ရသေးတာကို ခွဲရဖို့က ဖြစ်လာပြီ။

အခုတော့ အဲ့တာတွေ မတွေးသေးပဲ ဦးလေးကြီးပြန်လာတာကိုပဲ စောင့်ပြီး ခရစ်စမတ်ကို ပျော်ပျော်ကြီး ဖြတ်သန်းရမည်။

အဲ့လိုနှင့် ဦးလေးကြီးကို စောင့်မည်ဆိုသည့် ထယ်ရယ်လေးကတော့ ဆိုဖာပေါ်တွင် ကွေးကွေးလေး အိပ်ပျော်သွားခဲ့ပြီဖြစ်သည်။

ဟာအိုအခုအိမ်သို့ အမြန်ပြေးပြန်နေးသည်မလို့ ချွေးပင်အနည်းငယ်ဆို့ကာ ဟောဟဲစိုက်နေပြိဖြစ်သည်။ ချာတိတ်ကို ခရစ်စမတ်နေ့ တစ်နေ့လုံး အချိန်ပေးမည်ဆိုကာမှ ဆေးရုံကို သွားရသည့်အပြင် နေ့လည်ပြန်ရမည်ကို ပရော်ဖက်ဆာက ညနေအထိဆွဲထားသည်ကြောင့် ပရော်ဖက်ဆာမှ ပြတ်လွှတ်သည်နှင့် ဟာအို အသည်းအသန် အမြန်ပြေးလာခဲ့ခြင်းပင်။ သူ့ကို ချာတိတ်လေး မျှော်နေတော့မည်လေ။

အိမ်ရှေ့ကို ရောက်တော့ မောလာသည်မလို့ တန်းမဝင်သေးပဲ တံခါးရှေ့၌ ခဏရပ်ကာ ဒူးနှစ်ဖက်ကို လက်တင်ရင်း ခဏအမောဖြေမိသည်။ တော်သေးသည်က အိမ်က တတိယထပ်တွင် မလို့သာပေါ့။ ဟာအို တံခါးအသာဖွင့်ကာ ဝင်သွားတော့ တိတ်ဆိတ်နေသည်မလို့ ခြေသံမထွက်စေရန် ခြေထောက်ကို အသာဖွကာ နင်းဝင်သွားလိုက်သည်။

Arjussi Next Door 🚪Where stories live. Discover now