Chapter 12

149 29 8
                                    

𝐋𝐃𝐑𝐒..

❀❀❀❀❀

ထယ်ရယ် လေယာဉ်အပေါ်စီးမှနေ မြင်နေရသည့် မ့င်ကွင်းအား ကြည့်ရင်း ပျော်လည်း ပျော်နေသလို ကျန်နေခဲ့သည့် ဦးလေးကြီးအား တွေးမိပြီးလည်း ဝမ်းနည်းလာရသည်။ အဲ့တာထက် ထယ်ရယ် ကိုကြီးတို့ကိုကော ဘယ်လိုပြောပြရမလဲ။ ကိုကြီးတို့ကကော လက်ခံပေးပါ့မလား။

"လန်ဒန်မှ အင်ချွန်းလေဆိပ်သို့ ထွက်ခွါလာသော လေယာဉ် ဆိုက်ရောက်ပါပြီရှင်။ သာယာသော အချိန်လေး ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်ရှင်"

လေယာဉ်ဆိုက်ပြီမလို့ ထယ်ရယ်လည်း ဆက်တွေးမနေတော့ပဲ လေယာဉ်မှဆင်းသည်နှင့် ခရီးဆောင်အိတ်တွေ ရွေးကာ ထွက်တော့ ပါပါးရယ် ကိုကြီးရယ် အပြင် ဂယူဘင်းပါ လာကြိုနေသည်။ ထယ်ရယ်လည်း အကြာကြီး ခွဲထားရတော့ လွမ်းနေသည်မလို့ ပါပါးရင်ခွင်ထဲ ဝင်ကာ ချွဲမိသည်။ ကိုကြီးကတော့ ထယ်ရယ့်ကို ကျော်ပြီး အနောက်မှ ခရီးဆောင်အိတ်တွေနှင့် တွန်းလှည်းကို သွားယူပေးသည်။

"ပါပါးကလေးလေး ပိန်သွားလိုက်တာ ကြည့်ပါဦး။ ပါပါးတို့မရှိတာနဲ့ မရှိသလို နေနေတာမလား"

"မဟုတ်ပါဘူး ပါပါးကလည်း"

"ကဲ ပါပါးနောက်မှ ပြောတော့ ထယ်ရယ်လေး နားချင်နေလောက်ပြီလေ"

"ထယ်ရယ်ဟျောင်း ကျွန်တော်ပြောတာတွေ ပါတယ်မလား"

"ပါလာပါ့နော်"

"သွားကြရအောင်"

"ဟုတ် ကိုကြီး"

သည်လိုနှင့် ထယ်ရယ်တို့ ကားလေးဟာလည်း လေဆိပ်ကနေ တရွေ့ရွေ့ထွက်ခွါလာခဲ့သည်။ အိမ်ရောက်ဖို့ အချိန်အတော်လိုသေးသည့် အချိန်အပိုင်းအခြားတွင် ထယ်ရယ်ဟာ ဖုန်းထုတ်ပြီး အင်တာနက်ဖွင့်လိုက်ချိန် ဦးလေးကြီး၏ စာတွေက ဆက်တိုက်ဆိုသလို ဝင်လာပြီး ထယ်ရယ့်အား ဘယ်လောက်လွမ်းနေပြီဖြစ်ကြောင်း ချစ်စဖွယ်ပြောထားသေးသည်။

💌 ပေါင်ပေ့ အရမ်းလွမ်းနေပြီ

💌 ပါစတာ လုပ်စားတော့ ချာတိတ်ကို သတိရသွားတယ်

💌 ချာတိတ် လေယာဉ်စီးနေရတုန်းလား

💌 အိတ်အလေးကြီးကို မနိုင်မနင်းသယ်နေတဲ့ ကလေးလေးနဲ့ တွေ့တဲ့အချိန်ကို ပြန်ရစ်ထားချင်တယ်

Arjussi Next Door 🚪Where stories live. Discover now