Chapter 6

187 31 12
                                    

𝐎𝐮𝐫 𝐅𝐢𝐫𝐬𝐭 𝐃𝐚𝐭𝐞..

❀❀❀❀❀

ထယ်ရယ်အခန်းထဲက အင်္ကျီတစ်ခုပြီး တစ်ခုထုတ်ဝတ်ကြည့်နေပေမဲ့ စိတ်တိုင်းမကျသေး။ သေချာလေး ပြင်ဆင်မှ ရမှာကို။ ဘာလို့ဆို ဒီနေ့က ဦးလေးကြီးနဲ့ ထယ်ရယ့်ရဲ့ ပထမဆုံး ဒိတ်ကလေးလေ။ ထယ်ရယ်က မိမိုက်နေမှရမှာပေါ့။

ရုတ်တရက် ထယ်ရယ့်အတွေးတွေက ဦးလေးကြီးဆီကနေ ပြင်းရှရှ အနမ်းတွေ ရခဲ့သည့် နေ့သို့ ပြန်လည်ရောက်ရှိသွားသည်။

ထယ်ရယ်တို့ အနမ်းယာဉ်ကြောဟာ ဘယ်လောက်ထိ ရှည်ကြာသွားလဲမသိ။ ထယ်ရယ် အသက်ရှူရတာ အနည်းငယ်ကြပ်စပြုလာသည်မလို့ ဦးလေးကြီးလည်တိုင်ကို ဖက်ဆွယ်ထားသည့် လက်အစုံသည် ဦးလေးကြီး၏ ရင်ဘက်အား တွန်းကာ တားမိသည်။ ထိုအခါမှ ဦးလေးကြီးကလည်း ထယ်ရယ့် နှုတ်ခမ်းသားလေးတွေကို အလွတ်ပေးတော့သည်။ ဒါတောင် ဦးလေးကြီးက နှမြောနေဟန်ဖြင့် မထိတထိလေး လိုက်နမ်းနေသေးသည်။

ထယ်ရယ်လည်း အခုမှရှက်ပြီး ဦးလေးကြီးကို အကြည့်မစုံရဲသည်မလို့ ခေါင်းကို ငိုက်စိုက်ချထားပေမဲ့ ဦးလေးကြီး၏ စူးရဲသည့် အကြည့်တို့အား အမှန်အကန် ခံစားမိသည်။

"ဦး.. ဦးလေးကြီး ဖယ်.. ဖယ်ပေးတော့"

"ဟင့်အင်း မဖယ်ပေးဘူး။ ဖယ်ပေးရင် ဒီအကောင်ပေါက်လေးက ထွက်ပြေးသွားတော့မှာ"

အရှက်လွန်ကာ ခေါင်းကိုအတင်းငုံ့ထားပါတဲ့ ဘဲပေါက်ကလေးက ဟာအိုအတွက် သိပ်ကို ချစ်စရာကောင်းလွန်းလှသည်။ အနမ်းတွေကြောင့် တလဲ့လဲ့တောက်ပနေတဲ့ နှုတ်ခမ်းလေးကိုလည်း ဟာအိုနောက်တစ်ကြိမ် နယ်ချဲ့ချင်မိပေမဲ့ ဒီတစ်ခါသာဆို ရင်ခွင်ထဲက အကောင်ပေါက်လေးက ငိုသွားလောက်သည်မလို့ ဟာအိုစိတ်ထိန်းလိုက်ရသည်။

"ကိုယ့်ကို အဖြေမပေးတော့ဘူးလား ကလေးလေး"

"ဦးလေးကြီးနော် ထယ်ရယ်က ကလေးမဟုတ်ပါဘူး"

ရှက်နေတဲ့ကြားထဲကကို စွာလိုက်သေးသည့် ဘဲပေါက်လေး။

"ကိုယ့်အတွက်တော့ ကလေးလေးပဲ။ ကိုယ့်ကို ချစ်တယ်မလား ပေါင်ပေါင်း"

Arjussi Next Door 🚪Where stories live. Discover now