Chapter 15

166 31 14
                                    

𝐍𝐞𝐰 𝐘𝐞𝐚𝐫, 𝐒𝐭𝐢𝐥𝐥 𝐇𝐢𝐦

❀❀❀❀❀

"မတ်ချူး ကူညီပါဆို"

ထယ်ရယ်ပြောနေတာကို မကြားသလို လုပ်နေသည့် သူငယ်ချင်း မတ်ချူးအား ထယ်ရယ် တော်တော်လေး စိတ်ရှည်နေပြီဖြစ်သည်။ New Yearညလေးမှာ ဦးလေးကြီးနဲ့ အတူတူရှိချင်လို့ ကူညီပေးပါဆိုတာကို မသိချင်ယောင်ဆောင်နေသေးသည်။

"မတ်ချူးလို့"

"မ ကူ ညီ ဘူး"

တစ်လုံးချင်းစီကိုတောင် တမင်ရွဲ့ပြောလာသည့် မတ်ချူးကြောင့် ထယ်ရယ့်မှာ နောက်ဆုံး လက်နက်ကို ထုတ်ဖို့ ပြင်ရတော့သည်။

"တကယ် မကူညီဘူးပေါ့"

"တကယ် မကူညီဘူး"

"ရတယ် ကိုကြီးကို မင်းမွှေထားတဲ့ ကိစ္စတွေ သွားပြောမှာ"

"ပြောပေါ့"

ဘာလား အဲ့လောက်တောင် ယုံကြည်ချက်ရှိနေတာက။ မဖြစ်သေးဘူး စဉ်းစားစမ်း ကင်မ်ထယ်ရယ်။ ချက်ကောင်းကို ထိမိမယ့် ကိစ္စတစ်ခု။

"ရတယ်လေ ငါရည်းစားရှိနေတာပြောပြပြီး မင်းကိုယ်တိုင် မြောက်ပေးခဲ့တာကို သွားပြောပြမယ်"

"ထယ်ရယ်ရား မလုပ်နဲ့လေ အဲ့တာကတော့"

သည်အကြံကတော့ အောင်မြင်သည် ထင်ပါသည်။ ကုတင်ပေါ်မှာ ပေတေထိုင်ပြီး ဂိမ်းဆော့နေသည့် ဆော့မတ်ချူးက ချက်ချင်းပင် ထလာတော့သည်။

"မသိဘူး မင်းမကူရင် နှစ်ယောက်လုံးတူတူ မီးပုံထဲ ခုန်ဆင်းကြတာပေါ့"

ထယ်ရယ် ရည်းစားထားမှာကို တခြားအရာတွေထက် ပိုကြောက်သည့် ကင်မ်ဂျီအွန်းအကြောင်းကို သိသည့် မတ်ချူးကတော့ ဆူပုတ်ပုတ်လေးနှင့်

"ကူညီမယ်ကွာ ညကျ ကိုကို့ကို ပထုတ်ပေးရုံပဲမလား"

"အွန်း"

"ဒါမဲ့ ညကျ ဂယူဘင်းကော လာမှာ မဟုတ်ဘူးလား"

"ဂယူဘင်းက ငါ့တာဝန်ထားပါ"

"အေးကွာ"

အဲ့သည်လိုနှင့် ထယ်ရယ်နှင့် မတ်ချူး သဘောတူညီမှုရပြီး နှစ်သစ်ကူး အစီအစဉ်အား အကောင်အထည်ဖော်ရန် ကြံစည်တော့သည်။

Arjussi Next Door 🚪Where stories live. Discover now