Chapter 13

153 31 8
                                    

Meet again

❀❀❀❀❀

"Ladies and gentlemen, [Airline Name] welcomes you to Seoul. The local time is 10:30 AM. For your safety and the safety of those around you, please remain seated with your seat belt fastened and keep the aisle(s) clear until we are parked at the gate."

ထို့နောက်တွင် လေယာဉ်ပေါ်မှ သူများသည် အလျှိုအလျှိုနှင့် ထွက်လာကြပြီး ပစ္စည်းများ ရွေးပြီး ထွက်လာကြသည်။ ထိုလူတွေ ကြားထဲမှ ရှပ်အင်္ကျီအဖြူအား စတိုင်ပန့်အနက်ရောင်ဖြင့် တွဲဖက်ဝတ်ထားကာ အနက်ရောင်လည်သာအိတ်အား ပခုံးတစ်ဖက်တွင် လည်ထားသည့် ကောင်လေးဟာလည်း Luggage အိတ်များကို လှည်းပေါ်တင်ကာ ထွက်လာလျက်။ ထိုကောင်လေး၏ မျက်နှာထက်လည်း အပြုံးတို့ ဝေဆာနေတာ ပါးလေးတွေပင် မို့တက်လို့။

"ဟာအို"

အပြင်ထွက်လာသည့်အချိန် ကိုယ့်နာမည်အားခေါ်ကာ လက်ပြလာသည့် ဂျီအွန်းကို ဟာအိုလက်ပြန်ပြလိုက်သည်။

"လေယာဉ်စီးရတာ ပင်ပန်းသွားပြီ ကလေးအထူးကု ဟာအို ရှီ"

"ဒီလောက်က မပြောပလောက်ပါဘူး ခွဲစိတ်အထူးကု ဂျီအွန်းရှီ"

သူငယ်ချင်း အချင်းချင်း စနောက်ပြောဆိုကြပြီးနောက်တွင် ရယ်မောကြပြီး ပစ္စည်းတွေသယ်ရင်း လေဆိပ်အပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။

"ပျော်စရာတွေ ရှိနေတဲ့ ပုံပဲ"

"ဟင် ဘာလို့"

"မျက်နှာမှာ အကုန်ပေါ်နေတယ်"

"အာ~~"

ချာတိတ်နှင့် ပြန်တွေ့ရမည့် အရေးကို ပြန်တွေးကာ ပျော်နေမိသည်ကြောင့် မျက်နှာထက် အပြုံးတို့က အသောမသတ်နိုင်။ ရောက်ရောက်ချင်း လာတွေ့မည်ဟု မနေ့ညက ဖုန်းပြောကြရင်း ပြောထားပေမဲ့ ကျောင်းဖွင့်သည်ဆိုသောကြောင့် ချာတိတ်လေး အားသည့်ရက်မှ တွေ့ကြမည်ဟု ပြောလိုက်ရခြင်းပင်။ ဖြစ်နိုင်လျှင်တော့ ချက်ချင်း ပြေးတွေ့လိုက်ချင်ပါသည်။ သူချာတိတ်လေးနဲ့ မတွေ့ရတာ ၁နှစ်ကျော်လေ။

"ဒီလိုပါပဲ"

"ဘာလဲ ဟိုကလေးလေးနဲ့ တွေ့ရမှာမလို့လား"

"အဲ့တာလည်း ပါတာပေါ့"

ဟာအို လန်ဒန်ရှိနေစဉ် ဂျီအွန်းမှ ဆက်သွယ်လာပြီး ဆေးရုံမှာ အလုပ်ဝင်မလား မေးလာတော့ ဟာအိုမှာ မငြင်းပဲ ချက်ချင်းလက်ခံခဲ့တာ။ ချာတိတ်ရှိသည့် ဆိုးလ်ကို လာရမည်က တစ်ကြောင်း ဂျီအွန်းတို့လို ကိုးရီးယားက ထိပ်တန်းဆေးရုံမှာ အလုပ်ဝင်ရမည့် အခွင့်အရေးကို လက်လွှတ်မခံချင်သည်က တစ်ကြောင်းကြောင့်ပင်။

Arjussi Next Door 🚪Where stories live. Discover now