Chapter 7

218 31 20
                                    

𝐉𝐞𝐥𝐥𝐲 𝐉𝐞𝐥𝐥𝐲

❀❀❀❀❀

"တီးတောင် တီးတောင်"

ကျောင်းပိတ်ရက်မလို့ အိပ်နေတာကို အဆက်မပြတ်ထွက်ပေါ်လာသည့် ဘဲလ်သံကြောင့် ထယ်ရယ် အိပ်နေရာမှ ထလိုက်သည်။ ဒီလောက်အလိုက်မသိ တီးနေပုံထောက်ရင် ဦးလေးကြီးတော့ မဖြစ်တန်ရာ။ ထယ်ရယ်လည်း ဆူပုတ်ပုတ်နှင့် တံခါးဖွင့်လိုက်ချိန် တွေ့လိုက်ရသည့် သူကြောင့် အံ့အားသင့်သွားရသည်။

"အီဂျောင်"

"ဟိုင်း ထယ်ရယ်"

ထယ်ရယ်လည်း အရမ်းဝမ်းသာသွားတာကြောင့် ဖက်လိုက်မိသည်။ အီဂျောင်နဲ့ မတွေ့ရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ။ ငယ်ငယ်က ထယ်ရယ်တို့နဲ့ အိမ်နီးချင်းဖြစ်ခဲ့ပြီး အလယ်တန်စလောက်မှာ မိသားစုလိုက် အမေရိကားကို ထွက်သွားကြကတည်းက မတွေ့ဖြစ်တာ။

"ဘယ်လိုလုပ်ပြီးတော့ ရောက်လာတာလဲ"

"ငါလန်ဒန်ရောက်နေတာဖြင့် ကြာလှပေါ့။ မင်းကသာ အဆက်အသွယ်ဖြတ်ထားတဲ့အပြင် လန်ဒန်ရောက်နေတာလည်း မပြောတာ။ မနေ့က မတ်ချူးနဲ့ စကားပြောရင်း ဆက်စပ်မိလို့ သိတာ"

"ထယ်ရယ်က အဆက်အသွယ်ဖြတ်တာ မဟုတ်ရပါဘူးနော်"

"အခုထိကို ကလေးဆန်နေတုန်းပဲ"

အီဂျောင်က ထယ်ရယ့်ပါးကို လိုက်ဆွဲတတ်တာ ငယ်ကတည်းက အခုထိလည်း အဲ့အကျင့်က မပျောက်သေးဘူး။

"ရား!!! မဆွဲပါနဲ့ဆို"

အချိန်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ထိုကဲ့သို့အခြေအနေဖြစ်နေချိန်မှာမှ ဦးလေးကြီးက ထွက်လာကာ ထယ်ရယ်တို့ကို ကြည့်နေသည်။

"ဦးလေးကြီး"

"ဦးလေးကြီး?"

ဦးလေးကြီးက လက်ထဲတွင် ဂျူတီကုတ်ကိုင်ထားပုံထောက်ရင် ဆေးရုံသွားရမည်ထင်သည်။ လောလောဆယ် ပြဿနာက ဦးလေးကြီးက ထယ်ရယ်တို့ကို ဘာထင်သွားသလဲ မသိ။ အီဂျောင်ကို ကြည့်နေတာများ ပြာကျမတတ်။

"အသိတွေလား"

အီဂျောင်ကအနားကို ကပ်မေးတော့ ထယ်ရယ်က ဖြေဖို့လုပ်သည့်အချိန်..

Arjussi Next Door 🚪Where stories live. Discover now