Chapter 17

116 30 8
                                    

𝐋𝐢𝐯𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫

❀❀❀❀❀

"ထယ်လေးကော မတ်ချူးကော လိုအပ်တာ ရှိတာနဲ့ ပြောနော်။ အဆင်မပြေတာ ရှိရင်လည်း ချက်ချင်းအကြောင်းကြား။ ပိတ်ရက်ဆိုလည်း ပြန်လာဖို့ မမေ့နဲ့နော်"

အိမ်ကိုအတိုက်အခံပြောပြီးနောက် အဆောင်တွင်နေဖို့ ခွင့်ပြုချက်ရသွားသည့် ကလေးနှစ်ယောက်ဟာ ယခုအခါတွင် အဆောင်ကုတင်ပေါ်ထက် ထိုင်ရင်း ကင်မ်ဂျီအွန်း၏ ဆုံးမ ဩဝါဒခြွေမှုကို ခံယူနေရရှာသည်။

"ကိုကြီး ထယ်ရယ်တို့လည်း ကလေးမဟုတ်တော့ပါဘူး"

"ဟုတ်ပါ့ ကိုကိုကလည်း ကလေးတွေကို မူကြိုပို့သလိုကို မှာနေတာ"

"ကိုကိုက.."

📲📲📲

"ခဏ ဖုန်းပြောလိုက်ဦးမယ်"

ဖုန်းပြောမယ်ဟု ပြောကာ ထယ်ရယ်တို့ အဆောင်၏ ဝရန်တာဘက် ထွက်သွားပြီး ခဏအကြာမှာ ပြန်ဝင်လာကာ

"ဒါဆို ကိုကိုစိတ်ချပြီနော် ဆေးရုံဂျူတီချိန်းရတော့မှာ မလို့ သွားပြီ"

ဂျီအွန်း ထွက်သွားပြီးနောက် ထယ်ရယ်နှင့် မတ်ချူးဟာ သေချာအောင် ဝရန်တာမှ သေချာ အတည်ပြုသည်။ ထွက်သွားသည်ဆိုတာ သေချာသွားတော့ မတ်ချူးနှင့် အတူတူ ကုတင်ထက် ထိုင်ရင်း အစီအစဉ်အား အကောင်အထည်ဖော်ကြတော့သည်။

"မင်း ဟာအိုဟျောင်းနဲ့ နေတာကတော့ ဟုတ်ပါပြီ ကိုကိုက အဲ့အိမ်ကို ခဏခဏ ရောက်နေတာလေ"

မတ်ချူးပြောတာလည်း မှန်ပေမဲ့

"ကိုကိုက လာမယ့်လာဦးတော့ ညဘက်ကြီးတော့ လာပါ့မလား။ နောက်ပြီး ပိတ်ရက်ဆို ငါကလည်း အိမ်ပြန်မှာပဲကို"

"အဲ့လိုလည်း ဟုတ်သားပဲ"

ထယ်ရယ်ကတော့ ပါးချိုင့်တွေပေါ်သည်အထိ ပြုံးရင်း သဘောကျကျေနပ်နေသည်။

"ဒါမဲ့ ထယ်ရယ် ကတိကို မမေ့ရဘူးနော်"

"မမေ့ပါဘူး မတ်ချူးကလည်း မင်းလိုချင်တဲ့ ဂိမ်းစက်ဝယ်ပေးမယ်"

"ပြီးရော အခု ပစ္စည်းတွေ နေရာချကူဦး"

ထယ်ရယ်လည်း မတ်ချူးပစ္စည်းတွေကို နေရာတကျ ချပေးပြီးနောက် ကုတင်ပေါ်လှဲကာ အနားယူနေချိန် နာရီကို ကြည့်မိတော့ ညနေ ၅နာရီပင် ရှိနေပြီဖြစ်သည်။ မနားတမ်း ဆက်တိုက်လုပ်နေကြတာမလို့ ဗိုက်လည်းဆာလှနေပြီဟု တွေးနေချိန်မှာပင် အချိန်ကိုက်ဝင်လာသည့် ဦးလေးကြီး၏ ဖုန်း။

Arjussi Next Door 🚪Where stories live. Discover now