Chapter 10

189 29 8
                                    

𝐏𝐞𝐩𝐞𝐫𝐨 𝐊𝐢𝐬𝐬

❀❀❀❀❀

ခရစ်စမတ်ရောက်ဖို့ တစ်လလောက်လိုသေးသည်ကိုတောင် လန်ဒန်မြို့ လမ်းမတွေထက် ခရစ်စမတ်အပြင်အဆင်များကို အပြိုင်အဆိုင်အလှဆင်ထားကြလျက်။ တစ်ချို့နေရာများတွင် ခရစ်စမတ်စ် သစ်ပင်များကိုပင် အလှဆင်ထားကာ ထားထားကြသလို ဆိုင်များကလည်း ခရစ်စမတ်စ်အပြင်အဆင်တွေဖြင့်။ ဟာအိုတို့ နေ့ထိုင်ရာ တိုက်တန်းဟာလည်း မီးလုံးလေးတွေဖြင့် အလှဆင်ထားလျက်။

ဟာအိုကတော့ တိုက်အောက်ဘက်တွင် နာရီတကြည့်ကြည့်ဖြင့် မျှော်နေသူလေးအား စောင့်နေလျက်။ ခဏကြာတော့ ဟူဒီအနီရောင်လေးကိုမှ အစိမ်းရောင် မာဖလာလေးပတ်ကာ ဆင်းလာသည့် ချာတိတ်က တကယ့်ကိုမှ ခရစ်စမတ်ကို အသက်သွင်းထားသကဲ့သို့ပင်။

ဟာအိုမှာ သိသာအောင်လည်း မရယ်ရဲ။ ရယ်လျှင် ခင်ဗျားကြီးက အရောင်တွေကို မခံစားတတ်ဘူးဆိုပြီး စိတ်ကောက်သေးတာ။

"စောင့်ရတာ ကြာသွားလား ဦးလေးကြီး"

"မကြာပါဘူးဗျာ"

ဟာအို ထယ်ရယ်ရဲ့ ခေါင်းလေးကိုအသာဖွလိုက်ပြီး နဖူးလေးအား တစ်ချက်နမ်းလိုက်သည်။ နဖူးလေးကို နမ်းပြီးတော့ အတတ်ကလေးက ပြောသေးသည်။ 'ဦးလေးကြီးရဲ့ အနမ်းကြောင့် ပိုနွေးသွားပြီ'တဲ့။ ဒီကလေးလေးကို အချစ်ပိုနေရတာ ဟာအို မမှားပါဘူးလေ။

ဟာအိုလက်ကိုချိတ်ကာ မာဖလာထဲ ခေါင်းလေး မြှုပ်နေပြီး မျက်လုံးလေးသာ ဖော်ထားသည့် ချာတိတ်ကို ကြည့်ရင်း ဟာအိုမှာ အသဲတယားယား။ ခရစ်စမတ်အတွက် လိုသေးတယ်ဆိုတာကိုတောင် အလှဆင် ပစ္စည်းတွေ ကြိုဝယ်ထားချင်ပါတယ်ဆိုလို့ ဟာအိုမှာ အလိုလိုက်ရပြန်သည်။ အခုလည်း ဘေးက ခြေလှမ်းသေးသေးလေးတွေက ဘယ်လောက်ထိ စိတ်လှုပ်ရှားကာ ပျော်နေသလဲ သိသာလွန်းလှသည်။

အနီးအနားက Martကိုပဲ သွားတာမလို့ လမ်းလျှောက်သွားရအောင်နော်ဆိုသည့် ချာတိတ်လေးရဲ့ စကားကိုလည်း နားထောင်နေမိပြန်ရော။ ချာတိတ်အတွက်ဆိုရင်ကို ဟာအိုက သံပတ်ပေးခံထားရသလို အကုန်လက်ခံနေမိရော။

Arjussi Next Door 🚪Donde viven las historias. Descúbrelo ahora